စွမ်းရည်မြှင့်တင်ရေး

သင်တန်းဆင်းပွဲတက်ရောက်ခြင်း

သင်တန်းဆင်းပွဲတက်ရောက်ခြင်း

၁.၈.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ ဗလမင်းထင်ကျောင်းတိုက်တွင် ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကျင်းပသော တစ်ကိုယ်ရေသုံး ဆပ်ပြာခဲ၊ ဆပ်ပြာရည်၊ အဝတ်လျှော်မွှေးရည်အစုံရှိ အမျိုးရေပေါင်း (၁၃)မျိုး သင်တန်းဆင်းပွဲကျင်းပရာ ကချင်ပြည်နယ် အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ သင်တန်းသူ (၁၅)ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် အသင်းမှ ဒံပေါက်ထမင်းဖြင့် ဧည့်ခံကျွေးမွေးခြင်းနှင့် ကျောင်းရှိ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ကုန်ကျငွေ-(၉၅၀၀၀၀)ကျပ် ဖြစ်ပါသည်။

ဆုလက်ခံရရှိခြင်း

ဆုလက်ခံရရှိခြင်း

(၂၁.၇.၂၀၂၅)ရက်နေ့တွင် ပဲခူးမြို့အထက(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ မှ “စာဖတ်ခြင်းဖြင့် မိမိဘ၀ကိုမြှင့်တင်ပါ” ခေါင်းစဉ်ဖြင့်ဟောပြောပေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေကိုပေးအပ်ရာ MWCDF တိုင်း ဥက္ကဌ ဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင် ပဲခူး အမျိုးသားစာပေဆုရှင်)က ဆုလက်ခံရရှိခဲ့ပါသည်။

သင်တန်းဖွင့်လှစ်ခြင်း

သင်တန်းဖွင့်လှစ်ခြင်း

၆.၇.၂၀၂၅ ရက်နေ့တွင်  နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ မှကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသမီးငယ်များ တဖက်တလမ်းမှ ဝင်ငွေရရှိနိုင်ရန်အတွက် အခြေခံပန်းထိုးသင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၃၀.၆.၂၀၂၅ ရက်နေ့တွင် ပဲခူးမြို့၊ သီရိဟံသာခန်းမတွင် ကျင်းပပြုလုပ်သော အမျိုးသမီးများ အသက်မွေး ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကြီး၏ ဇနီးနှင့် တိုင်းအမျိုးသမီးကော်မတီ ဥက္ကဌ လူမူရေးဝန်ကြီးနှင့်အတူ အမျိုးသမီးကော်မတီဝင်များနှင့် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင် ၅ ဦး တက်ရောက်ပြီး သင်တန်းသူ ၂ ဦး တက်ရောက်သင်ကြားခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၃.၆.၂၀၂၅ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်သော ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ အခြေခံပန်းအလှပြင်သင်တန်းဖွင့်ပွဲသို့ နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ  တက်ရောက်ခဲ့ပါသည်။

သင်တန်းဖွင့်လှစ်ခြင်း

သင်တန်းဖွင့်လှစ်ခြင်း

၂၄.၅.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ အ.ထ.က(၁၂) ကျောင်းတွင် ဖွင့်လှစ်သင်ကြားနေသော နွေရာသီအင်္ဂလိပ်စာ(4-Skill) Pre-Intermediate level သင်တန်း (Talk Show)ပြိုင်ပွဲကို (MWCDF) အသင်း ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်၍ သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့်အတူ ကျောင်းသား/သူများ၏ စကားပြောစွမ်းဆောင်ရည်များကိုကြည့်ရှုကာ အမှတ်ပေးစည်းမျဉ်းအတိုင်း အကဲဖြတ်ပြီး ထူးချွန်ကျောင်းသား/သူများအား ဆုများချီးမြှင့်‌ပေးရန် ရွေးချယ်ခဲ့ကြပါသည်။