စွမ်းရည်မြှင့်တင်ရေး

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၉.၁၀.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၅)ဦးတို့သည် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပပြုလုပ်သော (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့အကြိုလှုပ်ရှားမှုအခမ်းအနား” အနာဂတ်သာယာ ကောင်းမွန်ရေး ကလေးများအသံနားထောင်ပေး” Listen to the Future” သို့တက်ရောက်ပြီး တေးသီချင်းများဖြင့်ဖျော်ဖြေကြသော သားငယ်/သမီးငယ်များအား ဂုဏ်ပြုလက်ဆောင်များနှင့် ဆုများချီးမြှင့်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၃.၁၀.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ကချင်ပြည်နယ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကျင်းပပြုလုပ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးခြင်းဖြင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းသင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၀.၁၀.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ကချင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြစ်ကြီးနားမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှာ ကျင်းပပြုလုပ်သည့် ရပ်ရွာအခြေပြုစက်ချုပ် အဆင့်မြင့်သင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။

သင်တန်းတက်ရောက်ခြင်း

သင်တန်းတက်ရောက်ခြင်း

(၂၅.၉.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ရုံးအဖွဲ့ဝင်(၂)ဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်နိုင်ချေလျော့ချရေးနေ့အထိမ်းအမှတ်အဖြစ်  ဘေးအန္တရာယ်ကြံကြံခံနိုင်ရေး လူငယ်စွမ်းအားမြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပါသည်။

စက်ချုပ်သင်တန်း တက်ရောက်ခြင်း

စက်ချုပ်သင်တန်း တက်ရောက်ခြင်း

(၂၈.၇.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တူးမြောင်းကျေးရွာ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ အမျိုးသမီးများဘဝရပ်တည်နိုင်ရေးအတွက် စက်ချုပ်သင်တန်းဖွင့်လှစ်ကျင်းပရာ ဒေးဒရဲမြို့နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များတက်ရောက်ပြီး သင်တန်းသူများအတွက် စက်ပစ္စည်းဆိုင်ရာအထောက် အကူပြုပစ္စည်းများ၊ မုန့်များ၊ အအေးများ ပေးဝေထောက်ပံ့ခဲ့ပါသည်။

စက်ချုပ်နည်းသင်တန်းဖွင့်ပွဲတက်ရောက်ခြင်း

စက်ချုပ်နည်းသင်တန်းဖွင့်ပွဲတက်ရောက်ခြင်း

(၂၃.၇.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ဖျာပုံမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင် ကျောင်း၌ဖွင့်လှစ်သော ဖျာပုံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် လုပ်ငန်းစီမံကိန်းဖြစ်သည့် အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ပြီး  ထူးချွန်စွာသင်တန်းဆင်းသူ (၅)ဦးအား အမျိုးသမီးဘဝ တင့်တယ်စွာရပ်တည်နိုင်ရန်အတွက် ကိုယ်ပိုင်စက်ချုပ်ဆိုင်ဖွင့်လှစ်နိုင်သည်အထိရည်ရွယ်ပြီး သင်တန်းသူ(၁)ဦးလျှင် ငွေကျပ် (၁၅)သိန်းနှင့်ညီမျှသော အပ်ချုပ်စက်၊ ဒါးစက်၊ ဘီတင်စက်၊ ကြယ်သီးရိုက်စက်နှင့်တကွ လိုအပ်သော စက်ချုပ်ကိရိယာပစ္စည်းများအား ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။