စွမ်းရည်မြှင့်တင်ရေး

အရည်အသွေးမြှင့်တင်ရေးသင်တန်းတက်ရောက်ခြင်း

အရည်အသွေးမြှင့်တင်ရေးသင်တန်းတက်ရောက်ခြင်း

(၁၁.၆.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၅)ဦးတို့သည် ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်သည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား အရည်အသွေးမြှင့်တင်ရေးသင်တန်းကို တက်ရောက်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲနှင့် သင်တန်းဆင်းပွဲတက်ရောက်ခြင်း

သင်တန်းဖွင့်ပွဲနှင့် သင်တန်းဆင်းပွဲတက်ရောက်ခြင်း

ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ (၃.၆.၂၀၂၄) ရက်နေ့မှ (၇.၆.၂၀၂၄)ရက်နေ့ထိ ကျင်းပပြုလုပ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်ခြင်း

သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်ခြင်း

(၂၂.၃.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အသိပညာပေးဆွေးနွေးပွဲ

အသိပညာပေးဆွေးနွေးပွဲ

(၂၀.၃.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဌသည် တိုင်းအမျိုးသမီးကော်မတီမှ ကျင်းပသည့် Gender, CEDAW, NSPAW ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်း

သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်း

(၁၈.၃.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာပေးသင်တန်း တက်ရောက်ခြင်း

လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာပေးသင်တန်း တက်ရောက်ခြင်း

(၆.၃.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်သော လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာပေးသင်တန်းသို့ တက်ရောက်ခဲ့ကြပါသည်။