စွမ်းရည်မြှင့်တင်ရေး

ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF မှ အသင်းသားအသစ်များအား အသင်းဝတ်စုံများ ပေးအပ်ခြင်းအခမ်းအနားနှင့်ဆပ်ပြာပြုလုပ်ခြင်းသင်တန်း သင်ကြားပို့ချခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF မှ အသင်းသားအသစ်များအား အသင်းဝတ်စုံများ ပေးအပ်ခြင်းအခမ်းအနားနှင့်ဆပ်ပြာပြုလုပ်ခြင်းသင်တန်း သင်ကြားပို့ချခြင်း

(၁၁.၈.၂၀၂၃)နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ ခိုင်မေတ္တာဆေးရုံ စာသင်ခန်းမတွင် အသင်းသားအသစ်များအား အသင်းဝတ်စုံများ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် –             အသင်းအကြောင်း ရှင်းလင်းပြသပေးခြင်းနှင့် အသင်းလှုပ်ရှားမှုအဖြစ် အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခုဖြစ်သော ဆပ်ပြာဆီထုတ်လုပ်ခြင်းနှင့် လက်သန့်ဆေးရည်ပြုလုပ်နည်းပညာများကို လက်တွေ့သင်ကြားပို့ချပေးခဲ့ပါသည်။ အမျိုးသမီးများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆပ်ပြာဆီဖျော်နည်းသင်တန်းနှင့် Handgel ဖျော်နည်းသင်တန်းကို လက်တွေ့ပို့ချပေးသည့်အပြင် ကုန်ကြမ်းမှ ကုန်ချောစနစ်ထိ ထုတ်ပိုးမှုစနစ်အဆင့်ဆင့်ကို လက်တွေ့ပြသပေးခဲ့ပါသည်။

အသိပညာပေးသင်တန်း တက်ရောက်ခြင်း

အသိပညာပေးသင်တန်း တက်ရောက်ခြင်း

(၁၁.၈.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များသည် နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော Gender, CEDAW, NSPAW, UNSCR-1325 အသိပညာပေးသင်တန်းသို့ တက်ရောက်ခဲ့ပါသည်။

သင်တန်းတက်ရောက်ခြင်း

သင်တန်းတက်ရောက်ခြင်း

(၂၇.၇.၂၀၂၃ မှ ၃၁.၇.၂၀၂၃)ရက်နေ့အထိ ပဲခူးတိုင်း MWCDF အသင်းမှ အဖွဲ့ဝင်(၃)ဦးသည် ပဲခူးမြို့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ တိုင်းအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သည့် အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်း “သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း” သို့ တက်ရောက်ခဲ့ပါသည်။

သင်တန်းဆင်းပွဲတက်ရောက်ခြင်း

သင်တန်းဆင်းပွဲတက်ရောက်ခြင်း

(၂၀.၅.၂၀၂၃ မှ ၂၂.၇.၂၀၂၃)ရက်နေ့အထိ နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌနှင့် ဘဏ္ဍာရေးမှူးတို့သည် နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သည့် “အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ” အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

စက်ချုပ်သင်တန်းဖွင့်လှစ်ခြင်း

စက်ချုပ်သင်တန်းဖွင့်လှစ်ခြင်း

(၁၈.၇.၂၀၂၃)နေ့တွင် ကချင်ပြည်နယ် MWCDF အသင်းနှင့် အိမ်တွင်းမှုကျောင်းမှ ဆရာမများပူးပေါင်း၍ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၌ အမျိုးသမီးစက်ချုပ်သင်တန်း ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကချင်ပြည်နယ် MWCDF အသင်းဥက္ကဌမှ သင်တန်းသူများအား သင်ထောက်ကူ ပစ္စည်းများအတွက် အလှူငွေ လှူဒါန်းခဲ့ပါသည်။

သင်တန်းဆင်းပွဲတက်ရောက်ခြင်း

သင်တန်းဆင်းပွဲတက်ရောက်ခြင်း

(၁၃.၇.၂၀၂၃)နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်(၆)လမှ (၃)နှစ်အရွယ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။