စွမ်းရည်မြှင့်တင်ရေး

ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးနေသော အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခြင်း

ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးနေသော အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခြင်း

(၆.၉.၂၀၁၉)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး လူမူဝန်ထမ်းဦးစီးဌာနမှ ကြီးမူးကျင်းပပြုလုပ်သည့် ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးနေသော အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်း ပဲခူးတိုင်းဒေသကြီးမှ တိုင်းဥက္ကဌ ဒေါ်ခင်ဝတ်ရည် နှင့်အဖွဲ့ဝင်(၉)ဦးတက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ECI၏အနာဂတ်မျှော်မှန်းချက်များ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာများနှင့် Help Lineမှ ဆောင်ရွက်နေမူများ၊ ကလေးသူငယ်များအား ပြုစုစောင့်ရှောက်ထိန်းသိမ်း ကာကွယ်ခြင်းများအား ဆွေးနွေးတင်ပြကြခဲ့ပါသည်။တန်ဖိုးအသိရှိသောအလုပ်ရုံဆွေးနွေးပွဲဖြစ်ပါသည်။ ကျန်လူမူရေးအသင်းများလည်းတက်ရောက်ခဲ့ကြပါသည်။

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေး (TOT)သင်တန်း တက်ရောက်ခြင်း

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေး (TOT)သင်တန်း တက်ရောက်ခြင်း

ရန်ကုန်တိုင်းအမျိုးသမီးကော်မတီမှ (၁၂-၈-၂၀၁၉ မှ ၁၅-၈-၂၀၁၉)နေ့ အထိ နံနက် ၉:၀၀နာရီ မှ ညနေ ၄:၀၀ နာရီ အထိ လေးရက်တာ ဖွင့်လှစ်သင်ကြား ပေးသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာ ကွယ်ရေး အသိပညာပေး (TOT)သင်တန်းကို ရန်ကုန်တိုင်း MWCDF အသင်းကိုယ်စားပြု အဖွဲ့ဝင်တစ်ဦးမှ တက်ရောက်ခဲ့ပါသည်။

MMCWA အသင်းမှပြုလုပ်သော ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ် နှင့် အာဟာရဖွံ့ဖြိုးရေးရက် သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်ခြင်း

MMCWA အသင်းမှပြုလုပ်သော ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ် နှင့် အာဟာရဖွံ့ဖြိုးရေးရက် သတ္တပတ်များလှုပ်ရှားမှု  အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်ခြင်း

(၁၃.၈.၂၀၁၉)နေ့တွင် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူး ကျင်းပပြုလုပ်သည့် ၂၀၁၉ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်​​ကျွေး​ရေး ရက်​သတ္တပတ်​နှင်​့ အဟာရဖွံ့ဖြိုး​ရေးရက်​သတ္တပတ်​များလှုပ်​ရှားမှု အထိမ်းအမှတ်အခမ်း​အနားသို့ MWCDF အသင်​းမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

နွေရာသီအင်္ဂလိပ်စာ (Pre-Intermediate Level) သင်တန်းဖွင့်လှစ်ခြင်း

နွေရာသီအင်္ဂလိပ်စာ (Pre-Intermediate Level) သင်တန်းဖွင့်လှစ်ခြင်း

နွေရာသီအင်္ဂလိပ်စာ (Pre-Intermediate Level) သင်တန်းဖွင့်ပွဲကို (၉.၃.၂၀၁၉)ရက်နေ့၊ နံနက်(၁ဝး၃၀)နာရီတွင် ကျောင်းသား/သူ(၄၀)ဦးနှင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၃)လဖြစ်ပါသည်။ သင်တန်းဖွင့်ပွဲတွင် MWCDF (ရုံးချုပ်)မှ CEC များ၊ အ.ထ.က(၁၂)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ/မများ၊ သင်တန်းဆရာတို့ တက်ရောက်ခဲ့ကြပြီး အသင်း CEC ဒေါက်တာနန္ဒာမွှန်းမှ အမှာစကား ပြောကြားခြင်း၊ အတွင်းရေးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ သင်တန်းစည်းကမ်းများ ရှင်းလင်း ပြောကြားခြင်း၊ ကျောင်းအုပ်ဆရာမကြီးမှ အမှာစကားပြောကြားခြင်း၊ သင်တန်းဆရာ ဦးမင်းစိုးသူရမှ အမှာ စကားပြောကြားခဲ့ပြီး ကျောင်းသား/သူ(၄၀)အား အအေး၊

ဆပ်ပြာပြုလုပ်နည်းသင်တန်း ဒုတိယနေ့

ဆပ်ပြာပြုလုပ်နည်းသင်တန်း ဒုတိယနေ့

ဆပ်ပြာပြုလုပ်နည်းသင်တန်း ဒုတိယနေ့တွင် သင်တန်းဆရာမမှ သင်တန်းသူများအား ဘက်စုံသုံးသဘာဝ ဆပ်ပြာပြုလုပ်နည်း၊ အမွှေးဖယောင်းခွက်များ ပြုလုပ်နည်း၊ မျက်နှာသစ်ဆပ်ပြာခဲ ပြုလုပ်နည်း၊ ဆပ်ပြာအကြမ်းခဲပြုလုပ်နည်းများ သင်ကြားပို့ချခဲ့ပါသည်။

ဆပ်ပြာပြုလုပ်နည်းသင်တန်း ပထမနေ့

ဆပ်ပြာပြုလုပ်နည်းသင်တန်း ပထမနေ့

(၂၆.၁.၂၀၁၉) ဆပ်ပြာပြုလုပ်နည်းသင်တန်း ပထမနေ့တွင် သင်တန်းဆရာမမှ သင်တန်းသူများအား ခေါင်းလျှော်ရည်ပြုလုပ်နည်း၊ အဝတ်လျှော်ဆပ်ပြာပြုလုပ်နည်း၊ ပန်းကန်ဆေးဆပ်ပြာပြုလုပ်နည်း၊ ရေချိုးဆပ်ပြာပြုလုပ်နည်းများ သင်ကြားပို့ချခဲ့ပါသည်။