စွမ်းရည်မြှင့်တင်ရေး

အသိပညာပေးဆွေးနွေးပွဲ တက်ရောက်ခြင်း

အသိပညာပေးဆွေးနွေးပွဲ တက်ရောက်ခြင်း

(၇.၁၁.၂၀၂၃)ရက်နေ့တွင် ကချင်ပြည်နယ် MWCDF အသင်းမှ အဖွဲ့ဝင်(၅)ဦးတို့သည် ကချင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပဆောင်ရွက်မည့် ပြည်နယ်အဆင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်ခြင်း

သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်ခြင်း

(၂၃.၁၀.၂၀၂၃)ရက်မှ (၂၇.၁၀.၂၀၂၃)ရက်နေ့အထိ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမတွင်ပြုလုပ်သော အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အသက်မွေးဝမ်းကျောင်း နည်းပညာပေးသင်တန်း အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် နေပြည်တောင်ကောင်စီအဖွဲ့ဝင်တို့ တက်ရောက်အမှာစကားပြောကြားပြီး အဆိုပါအခမ်းအနားသို့ နေပြည်တော်တိုင်း MWCDF ရုံးမှ ဥက္ကဌနှင့် သင်တန်းသူ (၃)ဦးတက်ရောက်ခဲ့ပါသည်။ ၄င်းသင်တန်းမှာ ဆပ်ပြာအမျိုးမျိုးပြုလုပ်နည်းသင်တန်းဖြစ်ပြီး သင်တန်းကာလ (၅)ရက် ဖြစ်ပါသည်။

စက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်ခြင်း

စက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်ခြင်း

(၃၀.၉.၂၀၂၃)ရက်နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ မြစ်ကြီးနားမြို့၊ ဗလမင်းထင် စက်မှုဘုန်းကြီးကျောင်း၌ ဖွင့်လှစ်ခဲ့သော ကျေးရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားတွင် တက်ရောက်၍ သင်တန်းတွင် ဆုရရှိခဲ့သောသင်တန်းသူ(၃)ဦးအား ပထမဆု အပ်ချုပ်စက်(၁)လုံး၊ ဒုတိယဆု လျှပ်စစ်မီးပူနှင့် တတိယဆု ချည်ပေါင်းသားဝမ်းဆက်များ ချီးမြှင့်ပေးခဲ့ပါသည်။    

ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားတက်ရောက်ခြင်း

ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားတက်ရောက်ခြင်း

(၁၅.၉.၂၀၂၃)ရက်နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌ သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ်(၁)မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်သော ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်၍ ဆုများ ချီးမြှင့်ခဲ့ပါသည်။

သင်တန်းတက်ရောက်ခြင်း

သင်တန်းတက်ရောက်ခြင်း

(၂၂.၈.၂၀၂၃ မှ ၂၃.၈.၂၀၂၃)ရက်နေ့အထိ ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌသည် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ ပူးပေါင်းပြီး Legal Clinic Myanmar ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)က ပဲခူးမြို့၊ ကမ္ဘောဇသာဒီဟိုတယ်၌ ဖွင့်လှစ်သည့် ဥပဒေရေးရာအသိပညာပေးခြင်း(၂)ရက်တာသင်တန်းသို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

Social Cohesion ဆင့်ပွားသင်တန်း တက်ရောက်ခြင်း

Social Cohesion ဆင့်ပွားသင်တန်း တက်ရောက်ခြင်း

(၁၅.၈.၂၀၂၃ မှ ၁၇.၈.၂၀၂၃)ရက်နေ့အထိ မွန်ပြည်နယ် MWCDF အသင်း အဖွဲ့ဝင်များသည် မော်လမြိုင်မြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးတွင် ဖွင့်လှစ်သော “လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ (Social Cohesion) ဆင့်ပွားသင်တန်း” သို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။