လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

အသိပညာပေးဟောပြောခြင်း

အသိပညာပေးဟောပြောခြင်း

နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ မှ ၃၀.၁၁.၂၀၂၅ ရက်နေ့တွင် နေပြည်တော် အထက (၁၁) ဇမ္ဗူသီရိကျောင်းမှာ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့ မှ ဒီဇင်ဘာလ (၁၀)ရက်နေ့အထိ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားတွင် အမှာစကားပြောကြားပြီး ကျောင်းသား/သူများကို အသိပညာပေးဟောပြောခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ သည် ၂၈.၁၁.၂၀၂၅ ရက်နေ့တွင် တိုင်းဒေသကြီးအဆင့် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် ၄ ဦးတို့သည် ၂၈.၁၁.၂၀၂၅ ရက်နေ့တွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ပြည်​ထောင်စုဝန်ကြီးမှ “ သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှု​ရေးပင်စင်၊ ကိုယ်ဝန်​ဆောင်မိခင်များနှင့် ၄င်းတို့မှ​မွေးဖွားလာ​သောအသက်(၂)နှစ်​အောက်က​လေးသူငယ်များ၊​ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ တိုက်ပွဲ​ရှောင်ပြည်သူများအား ​ထောက်ပံ့​​ကြေးငွေ​ပေးအပ်ခြင်းအခမ်းအနား” သို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် ၂ ဦးတို့သည် ၂၈.၁၁.၂၀၂၅ ရက်နေ့တွင် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ တွဲဖက်အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် ၂ ဦးတို့သည် ၂၇.၁၁.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှုးနှင့် အဖွဲ့ဝင် ၁ ဦးသည် ၂၆.၁၁.၂၀၂၅ ရက်နေ့တွင် မန္တလေးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မူပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။