လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

၇.၈.၂၀၂၅ ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအ သင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၂)ဦးသည် တနင်္သာရီတိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၎င်းတို့၏ရုံးတွင်ကျင်းပပြုလုပ်သော တနင်္သာရီတိုင်း ဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၅.၈.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၃)ဦး သည် မကွေးတိုင်းအစိုးရအဖွဲ့က မကွေးမြို့စုပေါင်းရုံးတွင် အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးကျင်းပပြုလုပ်ခြင်း

အစည်းအဝေးကျင်းပပြုလုပ်ခြင်း

၃.၈.၂၀၂၅ ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အသင်း၏ (၁၂)နှစ်မြောက် နှစ်ပတ်လည်အစည်းအဝေးကောက်နှုတ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကိုဆွေးနွေးခြင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ဟောပြောပွဲတက်ရောက်ခြင်း

ဟောပြောပွဲတက်ရောက်ခြင်း

၂၉.၇.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(ဗဟို)မှ တွဲဖက်အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ဇမ္ဗူသီရိမြို့နယ်၊ Mandalay Paradise တော်ဝင်ခန်းမတွင် နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ကျင်းပပြုလုပ်သော “ Psycho-Social Support ” စိတ်လူမှုဆက်ဆံ ရေးဆိုင်ရာ အထောက်အပံ့ပေးခြင်းခေါင်းစဉ်ဖြင့် ဆရာကြီး ဒေါက်တာ ဇော်စိန်လွင် (ကထိက/ စိတ်ရောဂါအထူးကု ဆရာဝန်ကြီး) ဟောပြောပွဲသို့  ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ နေပြည်တော် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ဝင်များ နှင့် မိခင်ကလေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

၂၉.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌသည် မော်လမြိုင်မြို့ ၊ လူမှုဝန်ထမ်းဦးစီးဌာန၌ ကျင်းပပြုလုပ်သော မွန်ပြည်နယ် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

နှစ်ပတ်လည်အခမ်းအနားကျင်းပပြုလုပ်ခြင်း

နှစ်ပတ်လည်အခမ်းအနားကျင်းပပြုလုပ်ခြင်း

၂၈.၇.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းရုံးချုပ်၌ အသင်း၏ (၁၂) နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားအား online zoom meeting ဖြင့် ကျင်းပပြုလုပ်ရာ အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဥက္ကဌ၊ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ဆွေးနွေးကြပါသည်။