လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၆.၁၁.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင် (၂)ဦးတို့သည် နေပြည်တော်၊ M-Gallery Hotel ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ACW Myanmar မှ ဦးဆောင်ကျင်းပသော ပဥ္စမအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (5th AMMW Meeting and Related Meeting) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ဟောပြောပွဲတက်ရောက်ခြင်း

ဟောပြောပွဲတက်ရောက်ခြင်း

(၂၄.၁၁.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်မြဝင်းနှင့် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာကြူကြူအေးတို့သည် နေပြည်တော်၊ Grand Amara Hotel တွင် မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ ကျင်းပပြုလုပ်သော “Entrep reneurship is for Everyone” ဟောပြောပွဲသို့ တက်ရောက်ခဲ့ပါသည်။

ဟောပြောပွဲတက်ရောက်ခြင်း

ဟောပြောပွဲတက်ရောက်ခြင်း

(၂၄.၁၁.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ တွဲဖက်အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်တို့သည် တောင်ကြီးမြို့၊ Royal Taungyi Hotel တွင် မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ ကျင်းပပြုလုပ်သော “Entrepreneurship is for Everyone” ဟောပြောပွဲသို့ တက်ရောက်ခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေး

လုပ်ငန်းညှိနှိုင်းအစည်းအဝေး

(၂၀.၁၁.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း(၂)တွင် ကျင်းပပြုလုပ်သော ရှမ်းပြည်နယ် အမျိုးသမီးကော်မတီ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကြီးကြပ်ရေးအဖွဲ့နှင့် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)အား တက်ရောက် ဆွေးနွေးခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနား

သင်တန်းဖွင့်ပွဲအခမ်းအနား

(၁၃.၁၁.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၁)ဦးသည် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မသန်စွမ်းသူများနှင့်မိသားစုဝင်များအတွက် အလှဆွဲခြင်းနှင့် မြန်မာအစားအစာပြုလုပ် နည်းသင်တန်းနှင့် မသန်စွမ်းမှုအမြင်၊ သဘောတရားများအမြင်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

(၁၂.၁၁.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ တွဲဖက်အတွင်းရေးမှူးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃/၂၀၂၄ ဘဏ္ဍာရေးနှစ် NSPAW ကနဦးအစီရင်ခံစာရေးသားရေးနှင့်ပတ်သက်၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းယန္တရားများ လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။