လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အလုပ်အမှုဆောင်များသည် ၂၁.၁၀.၂၀၂၅ ရက်နေ့ ပုသိမ်မြို့၊ ဧရာ​ရွှေဝါခမ်းမ၌ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာနိုင်ငံမိခင်နှင့်က​လေး​စောင့်​ရှောက်​ရေးအသင်း၏ (၃၄)နှစ်​မြောက် နှစ်ပတ်လည်​အစည်းအ​ဝေး ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံပွဲအခမ်းအနား

တွေ့ဆုံပွဲအခမ်းအနား

ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အလုပ်အမှုဆောင် ၄ ဦးတို့သည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ၁၉.၁၀.၂၀၂၅ ရက်နေ့၌ကျင်းပပြုလုပ်သော ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ​တော်ယာယီသမ္မတ၊ နိုင်ငံ​တော်လုံခြုံ​ရေးနှင့်​အေးချမ်းသာယာ​ရေး​ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပုသိမ်မြို့ရှိဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်​ တွေ့ဆုံပွဲအခမ်းအနားသို့ တက်​​ရောက်ခဲ့ပါသည်။

အစည်းအဝေးကျင်းပခြင်း

အစည်းအဝေးကျင်းပခြင်း

နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အလုပ်အမှုဆောင်များသည် ၁၅.၁၀.၂၀၂၅ ရက်နေ့တွင် အသင်းအလုပ်အမှုဆောင်အစည်းအဝေးကျင်းပပြီး အသင်းဝင်အသစ်များအား နွေးထွေးစွာကြိုဆိုလက်ခံခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၄.၁၀.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဆွေဆွေတင့် သည် လူမှုဝန်ထမ်းဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးခန်းမတွင် ကျင်းပပြုလုပ်သည့် “ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု့တားဆီးကာကွယ်​ရေးနှင့် တုံ့ပြန်​ဆောင်ရွက်​ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက်အ​ကောင်အထည်​ဖော်မှု့ ယန္တရားများ၊ ကျား/မအ​​ခြေပြုအကြမ်းဖက်ဆိုင်ရာအသိပညာ​ပေး​ဆွေး​နွေးပွဲ” သို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၃.၁၀.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်စီနှင့် အဖွဲ့ဝင် ၃ ဦးသည် မကွေးမြို့၊ မြို့တော်ခန်းမ၌ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (International Day for Disaster Risk Reduction – IDDRR) (2025) “‌ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေး၊ သုံးစွဲဘဏ္ဍာတိုးမြှင့်ပေး” ခေါင်းစဉ်ဖြင့်ကျင်းပပြုလုပ်သော အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၃.၁၀.၂၀၂၅ ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်လေးမေနှင့် အဖွဲ့ဝင် ၃ ဦးသည် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (International Day for Disaster Risk Reduction – IDDRR) (2025) “‌ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေး၊ သုံးစွဲဘဏ္ဍာတိုးမြှင့်ပေး” ခေါင်းစဉ်ဖြင့်ကျင်းပပြုလုပ်သော အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပြီး ဆုရရှိသောကျောင်းသား/သူများအား ဆိုများချီးမြှင့်နိုင်ရန်အတွက် ၇၀၀,၀၀၀/-ကျပ်ကို လှူဒါန်းထောက်ပံ့ခဲ့ပါသည်။