လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သက်ကြီးဘိုး/ဘွားများအား ထောက်ပံ့လှူဒါန်းခြင်း

မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သက်ကြီးဘိုး/ဘွားများအား ထောက်ပံ့လှူဒါန်းခြင်း

(၁၄.၂.၂၀၁၉)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းနှင့် MWAF အသင်းတို့ပူးပေါင်း၍ လားရှိုးမြို့၊ ရပ်ကွက်(၈)တွင်ရှိသော သက်ကြီးအဖိုး ဦးစိုင်းရွက်(၉၅)နှစ်နှင့် အဖွားဒေါ်နန်းခမ်းအင်(၈၅)နှစ်တို့ထံသွားရောက်၍ အလှူငွေနှင့်မုန့်များ လှူဒါန်းခဲ့ပါသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးတက်ရောက်ခြင်း

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးတက်ရောက်ခြင်း

(၄.၂.၂၀၁၉)နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌ နှင့် CEC တို့သည် နေပြည်တော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သော “ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး(၁/၂၀၁၉)” သို့ တက်ရောက် ဆွေးနွေးခဲ့ပါသည်။

ASEAN Enabling Masterplan (2025) Mainstreaming of the Rights of Persons with Disabilities အား အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးတက်ရောက်ခြင်း

ASEAN Enabling Masterplan (2025) Mainstreaming of the Rights of Persons with Disabilities အား အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးတက်ရောက်ခြင်း

၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၂၃)ရက်နေ့ မှ (၂၄)ရက် နေ့ထိ ရန်ကုန်မြို့၊ International Business Center(IBC)၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သော “ ASEAN Enabling Masterplan (2025) Mainstreaming of the Rights of Persons with Disabilities အား အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးသို့ MWCDFအသင်းမှ တွဲဘက်အတွင်း ရေးမှူး တက်ရောက်ဆွေးနွေးခဲ့ပါသည်။

မိတ်ဖက်အဖွဲ့အစည်းများမှ ဖိတ်ကြားသော အစည်းအဝေးသို့ တက်ရောက်ခြင်း

မိတ်ဖက်အဖွဲ့အစည်းများမှ ဖိတ်ကြားသော အစည်းအဝေးသို့ တက်ရောက်ခြင်း

(၁၉.၁၂.၂၀၁၈)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဋ္ဌနှင့်ဘဏ္ဍာရေးမှူးတို့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နေပြည်တော်၊ Kempinski Hotel ၌ ကျင်းပပြုလုပ်သော “မြန်မာ့ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဗဟာဗျူဟာ မိတ်ဆက်ဖြန့်ချီခြင်းနှင့် အမျိုးသားအဆင့်ဆွေးနွေးပွဲ” အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေး အစည်းအဝေးသို့ တက်ရောက်ခြင်း

ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေး အစည်းအဝေးသို့ တက်ရောက်ခြင်း

(၁၇.၁၂.၂၀၁၈)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဋ္ဌနှင့်တွဲဘက်ဘဏ္ဍာရေးမှူးတို့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်သည့် “အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ ဒုတိယအကြိမ်အစည်းအဝေး” သို့ တက်ရောက်ခဲ့ကြပါသည်။

မိတ်ဖက်အဖွဲ့အစည်းမှဖိတ်ကြားသော အခမ်းအနားသို့ တက်ရောက်ခြင်း

မိတ်ဖက်အဖွဲ့အစည်းမှဖိတ်ကြားသော အခမ်းအနားသို့ တက်ရောက်ခြင်း

(၂၈.၁၁.၂၀၁၈)နေ့တွင် နေပြည်တော်၊ Mingalar Thiri Hotel ၌ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်မှကြီးမှူးကျင်းပသည့် “ 18th ACWO Biennial General Assembly and Conference” အခမ်းအနားသို့ MWCDF အသင်း မှ CEC များ တက်ရောက်ခဲ့ပါသည်။