ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားတက်ရောက်ခြင်း

(၁၆.၉.၂၀၂၃)ရက်နေ့တွင် ပဲခူးတိုင်း MWCDF အသင်းမှ အဖွဲ့ဝင်များသည် ပဲခူးမြို့၌ ကျင်းပပြုလုပ်သော “ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အခမ်းအနား” သို့ တက်ရောက်ခဲ့ပါသည်။
Myanmar Women and Children Development Foundation
(၁၆.၉.၂၀၂၃)ရက်နေ့တွင် ပဲခူးတိုင်း MWCDF အသင်းမှ အဖွဲ့ဝင်များသည် ပဲခူးမြို့၌ ကျင်းပပြုလုပ်သော “ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အခမ်းအနား” သို့ တက်ရောက်ခဲ့ပါသည်။
(၁၅.၉.၂၀၂၃)ရက်နေ့တွင် MWCDF အသင်းမှ တွဲဘက်အတွင်းရေးမှူး (၁) ဦးသည် နေပြည်တော်၊ Kumudra Ballroom, Hotel Max ၌ ကျင်းပပြုလုပ်သော အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း NSPAW Phase II (၂၀၂၃-၂၀၃၂)၏ လုပ်ငန်းနယ်ပယ်(၁၂)ရပ်အလိုက် ရေးဆွဲထားသည့် စီမံချက်လုပ်ငန်းစဉ် (မူကြမ်း)များနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးခဲ့ပါသည်။
(၁၅.၉.၂၀၂၃)ရက်နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌ သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ်(၁)မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်သော ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်၍ ဆုများ ချီးမြှင့်ခဲ့ပါသည်။
(၇.၉.၂၀၂၃)ရက်နေ့တွင် မန္တလေးတိုင်း MWCDF အသင်း ဒုဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် မန္တလေးမြို့၊ အ.ထ.က(၁၆)တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ကျင်းပပြုလုပ်သော “၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့” အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
(၇.၉.၂၀၂၃ မှ ၉.၉.၂၀၂၃)ရက်နေ့အထိ တနင်္သာရီတိုင်း MWCDF အသင်းဥက္ကဌသည် ထားဝယ်မြို့တွင် ဖွင့်လှစ်ကျင်းပသော ထားဝယ်တိုင်းရင်းသား ဘာသာစာပေသင်ဆရာဖြစ်သင်တန်းတွင် ကျောင်းဆရာ/မများအား မူလတန်း အောက်ဆင့်သင်ရိုးညွှန်းတမ်းသင်ကြားနိုင်ရေးအတွက် သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
(၅.၉.၂၀၂၃)ရက်နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော “ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး ဆွေးနွေးပွဲ” သို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။