လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

အသင်းဝင်အသစ်များအား နွေးထွေးစွာကြိုဆိုခြင်း

အသင်းဝင်အသစ်များအား နွေးထွေးစွာကြိုဆိုခြင်း

၂၈.၉.၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဌ ဒေါ်တင်စိန် နှင့် အလုပ်အမှုဆောင်များက အသင်းဝင်အသစ်များအားတွေ့ဆုံ၍ အသင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ အသင်းတံဆိပ်၏ အဓိပ္ပာယ်၊ အသင်း၏ဆောင်ပုဒ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အသင်းဝင်အသစ်များအား ဆောင်ရန်ရှောင်ရန်များ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး အသင်းဝတ်စုံများပေးအပ်ကာ နွေးထွေးစွာကြိုဆိုခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၃.၉.၂၅ ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်အေးမွန် နှင့် အတွင်းရေးမှူး ဒေါ်ခင်စုရည် တို့သည် မွန်ပြည်နယ် အစိုးရအဖွဲ့က မော်လမြိုင်မြို့၊ ရာမညခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် မွန်ပြည်နယ်ရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၈.၉.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူး ဒေါ်မြတ်မြတ်မိုးသည် ရှမ်းပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုဝန်ထမ်းရုံးတွင်ကျင်းပသော ခရိုင်အမျိုးသမီးကော်မတီအစည်းအဝေးနှင့် ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၆.၉.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ ဒေါ်ခင်ဝတ်ရည် သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက ပဲခူးတိုင်းဒေသကြီး၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၃.၉.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ သုဓမ္မသိင်္ဂီ ဒေါက်တာကေသီအောင် နှင့် တွဲဖက်အတွင်းရေးမှူး ဦးကြည်လေး တို့သည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီ ကြီးကြပ်မှုကော်မတီက တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၃.၉.၂၅ ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်အေးမွန်နှင့် အတွင်းရေးမှူး ဒေါ်ခင်စုရည် တို့သည် မော်လမြိုင်မြို့ရှိ အ.ထ.က(၉)တွင် ကျင်းပပြုလုပ်သော (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။