သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေးသို့ တက်ရောက်ခြင်း

(၄.၉.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ ဥက္ကဌ သည် နေပြည်တော်ကောင်စီ အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်သော သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
Myanmar Women and Children Development Foundation
(၄.၉.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ ဥက္ကဌ သည် နေပြည်တော်ကောင်စီ အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်သော သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
(၃၀.၈.၂၀၂၃)ရက်နေ့တွင် မကွေးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြခန်းများကို လေ့လာခဲ့ပါသည်။
(၂၉.၈.၂၀၂၃)ရက်နေ့တွင် MWCDF အသင်း ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့သည် နေပြည်တော် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် (MWAF)မှ ကျင်းပပြုလုပ်သော “အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်းအမှတ်” အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
(၁၅.၈.၂၀၂၃ မှ ၁၇.၈.၂၀၂၃)ရက်နေ့အထိ မွန်ပြည်နယ် MWCDF အသင်း အဖွဲ့ဝင်များသည် မော်လမြိုင်မြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးတွင် ဖွင့်လှစ်သော “လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ (Social Cohesion) ဆင့်ပွားသင်တန်း” သို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
(၁၈.၈.၂၀၂၃)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့် ဒုဥက္ကဌတို့သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (အာဟာရဌာန)နှင့် ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအထိမ်းအမှတ် “တန်ဖိုးသင့်အာဟာရပြည့် အစားအစာ ချက်ပြုတ်သရုပ်ပြပွဲ” အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
(၁၈.၈.၂၀၂၃)ရက်နေ့တွင် MWCDF အသင်းမှ ဘဏ္ဍာရေးမှူးနှင့် CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(MMCWA) မှ ကြီးမှူးကျင်းပသည့် “၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား” သို့ တက်ရောက်ခဲ့ပါသည်။