လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၃.၉.၂၀၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်မော်မော်ထွန်း သည် နေပြည်တော်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုဝန်ထမ်းရုံးတွင် ကျင်းပပြုလုပ်သော အသက်(၃)နှစ်မှ (၅)နှစ်အထိ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းအမှတ်စဥ်(၂/၂၀၂၅) သင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့ပြီး သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၇.၈.၂၀၂၅ ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ ဒေါ်ခင်လေးမေ သည် မြစ်ကြီးနားတက္ကသိုလ်၊ ဘွဲ့နှင့်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ကာယအလှမယ်ပြိုင်ပွဲသို့ တက်ရောက်၍ ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။ မြစ်ကြီးနားတက္ကသိုလ်အတွက် အလှူငွေ (၁၀) သိန်းကျပ် လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၇.၈.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF) ဥက္ကဌ ဒေါက်တာနန္ဒာမွှန်း သည် (၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award – AOSWADA ) ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

၂၆.၈.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF) ဥက္ကဌ ဒေါက်တာနန္ဒာမွှန်း နှင့် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာကြူကြူအေး တို့သည် (၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (12th ASEAN Ministerial Meeting on Social Welfare and Development – AMMSWD and Related Meeting)ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဩဂုတ် ၂၆ ရက်မှ ၂၉ ရက်နေ့အထိ နေပြည်တော်ရှိ M

အသင်းဝင်အသစ်လက်ခံခြင်း

အသင်းဝင်အသစ်လက်ခံခြင်း

၂၅.၈.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ သုဓမ္မသိင်္ဂီ ဒေါက်တာကေသီအောင် နှင့် အလုပ်အမှုဆောင် ၂ ဦးသည် အကူသူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သူများကို အသင်းကြီး၏ရည်ရွယ်ချက်များ/ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ရာ ပရဟိတလုပ်ငန်းများကို စိတ်ပါဝင်စားကြ၍ အသင်းသို့ဝင်ရောက်လာသည့် အသင်းဝင်အသစ် ၂၆ ဦး၏ လျှောက်လွှာများအားလက်ခံရယူကာ နွေးထွေးစွားကြိုဆိုခဲ့ပါသည်။ အသင်းတံဆိပ်အကြောင်း၊ ဆောင်ပုဒ်၊ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် အသင်းဝင်အသစ်များအား အသင်းနှင့်ပတ်သက်၍ ပြန်လှန်မေးခွန်းများမေးမြန်းကာ ဖြေဆိုနိုင်သူများကို ဆုချီးမြှင့်ပေးအပ်ခြင်း၊ အသင်းတီရှပ်အင်္ကျီများအား ပေးအပ်ခြင်းဖြင့် အသင်းဝင်အသစ်လက်ခံခြင်း အခမ်းအနားအား ပျော်ရွှင်စွာဆောင်ရွက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတက်ရောက်ခြင်း

ဆွေးနွေးပွဲတက်ရောက်ခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ တွဲဖက်အတွင်းရေးမှူး(၂) ဒေါ်နော်နီဆက်တင်ထူးက အသင်းကိုယ်စား မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် (၂၁.၈.၂၀၂၅ မှ ၂၂.၈.၂၀၂၅)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Women Peacebuilders for Capacity Building II of the ASEAN-IPR Women in Peace Processes Programme သို့ တက်ရောက် ဆွေးနွေးခဲ့ပါသည်။