လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

Zoom Meeting တက်ရောက်ခြင်း

Zoom Meeting တက်ရောက်ခြင်း

(၇.၈.၂၀၂၃)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)(ဗဟို)၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည်အစည်းအဝေးသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များမှ Zoom Meeting ဖြင့် တက်ရောက်ခဲ့ပါသည်။

MWCDF အသင်း၏ (၁၀)ပြည့်နှစ် နှစ်ပတ်လည်အစည်းအဝေး

MWCDF အသင်း၏ (၁၀)ပြည့်နှစ် နှစ်ပတ်လည်အစည်းအဝေး

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေး ဒုတိယပိုင်းအစီအစဉ်ကို (၇.၈.၂၀၂၃)ရက်နေ့၊ နေ့လည်(၁၁:၃၀)အချိန်က နေပြည်တော်၊ Horizon Lake view Hotel, သရဖီခန်းမ၌ ကျင်းပပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ ဒေါက်တာဝေဝေသာက အမှာစကားပြောကြားပါသည်။ ဆက်လက်၍ အတွင်းရေးမှူး ဒေါ်မေမြင့်မောင်က အသင်း၏ (၁၀)နှစ်တာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကျဉ်းချုပ်တင်ပြပါသည်။ ယင်းနောက် ဘဏ္ဍာရေးမှူး ဒေါက်တာမွန်မွန်ထက်က အသင်း၏ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာအား ရှင်းလင်းပြောကြားပါသည်။ ၎င်းနောက် တိုင်းဒေသကြီး/ပြည်နယ်

MWCDF အသင်း၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား

MWCDF အသင်း၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို (၇.၈.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်က နေပြည်တော်၊ Horizon Lake View Hotel, သရဖီခန်းမ၌ ကျင်းပပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ – မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ ဂုဏ်ထူးဆောင် နာယကများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အလှူရှင်များ၊ အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် တိုင်းဒေသကြီး/ပြည်နယ် အသင်းဝင်များ တက်ရောက်ချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ

အသင်းဝင်သစ်များလက်ခံကြိုဆိုခြင်း

အသင်းဝင်သစ်များလက်ခံကြိုဆိုခြင်း

(၂.၈.၂၀၂၃)နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ခိုင်မေတ္တာဆေးရုံ သင်တန်းခန်းမ၌ ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်းမှ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)(ဗဟို)၏ နှစ်ပတ်လည်အထိမ်းအမှတ် အသင်းသားသစ် လျှောက်လွှာများ ကြိုဆိုလက်ခံပွဲကျင်းပပြုလုပ်ပြီး အမျိုးသမီးများနှင့် ကလေးသူငယ်များ အခွင့်အရေးများအကြောင်း ဟောပြောဆွေးနွေးခြင်း၊ အသင်းဝင်သစ်များ၏ အသင်းဝင်ဖောင်များ လက်ခံပြီး အသင်း၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆွေးနွေးဟောပြောမှု

ဆွေးနွေးဟောပြောမှု

(၂၈.၇.၂၀၂၃)နေ့တွင် နေပြည်တော်၊ လယ်ဝေးမြို့၊ သီရိမင်္ဂလာခန်းမ၌ CEC Myanmar Microfinance Company မှ ကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲတွင် နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌမှ “အမျိုးသမီးများ၏ စွမ်းဆောင်ရည်နှင့် လူနေမှုဘဝမြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး အတွင်းရေးမှူးမှ “အသေးစားချေးငွေအကြောင်း” ရှင်းလင်းပြောကြားခဲ့ပါသည်။