လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

(၂၆.၇.၂၀၂၃)နေ့တွင် နေပြည်တော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)(မူကြမ်း) ရေးဆွဲရေးအတွက် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ MWCDF အသင်းမှ CEC တက်ရောက်ဆွေးနွေးခဲ့ပါသည်။

သစ်ပင်စိုက်ပျိုးပွဲ

သစ်ပင်စိုက်ပျိုးပွဲ

(၁၇.၇.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်မြောက်ရွာရှိ အေးငြိမ်းချမ်းသာပရဟိတ လူမှုကူညီရေးအသင်းနှင့်အတူ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြပါသည်။

သစ်ပင်စိုက်ပျိုးပွဲ

သစ်ပင်စိုက်ပျိုးပွဲ

(၁၇.၇.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကျင်းပပြုလုပ်သော “သစ်ပင်စိုက်ပျိုးပွဲ” သို့ တက်ရောက်၍ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြပါသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF မှ EC Meeting ပြုလုပ်ခြင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF မှ EC Meeting ပြုလုပ်ခြင်း

(၁၅.၇.၂၀၂၃)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်း၏ EC Meeting ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

(၁၃.၇.၂၀၂၃)နေ့တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်သော အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း( ၂၀၂၃-၂၀၃၂)တွင် ထည့်သွင်းရန် အမျိုးသမီးများနှင့် လူ့အခွင့်အရေးကဏ္ဍနှင့် စပ်လျဉ်းသည့် မူဘောင်(မူကြမ်း)ကို ပြင်ဆင်၊ ဖြည့်စွက်ရေးဆွဲမည့် ညှိနှိုင်းဆွေးနွေးပွဲသို့ MWCDF အသင်းမှ CEC တက်ရောက်ခဲ့ပါသည်။