လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

ဆွေးနွေးပွဲတက်ရောက်ခြင်း

ဆွေးနွေးပွဲတက်ရောက်ခြင်း

၂၁.၈.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာကြူကြူအေး နှင့် ရုံးအဖွဲ့(၂)ဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက Grand Amara Hotel တွင် ကျင်းပပြုလုပ်သော အာဆီယံဒေသတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းစီမံချက်ဆိုင်ရာ နိုင်ငံအဆင့်အကြံပြုဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၄.၈.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်(၄)ဦးသည် မကွေးမြို့၊ စုပေါင်းရုံးတွင် မကွေးတိုင်ဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနက ကျင်းပပြုလုပ်သော တိုင်းဒေသကြီးအဆင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအား အဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

 မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ၁၂.၈.၂၀၂၅ ရက်နေ့တွင် ကယားပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးတို့အား ထောက်ပံ့ငွေ (၁,၀၀၀,၀၀၀)ကျပ်၊ ဗလာစာအုပ်၊ အသင်းလက်ကမ်းစာစောင်၊ အသင်းတီရှပ်အင်္ကျီများ၊ အသင်းရင်ထိုးတံဆိပ်များ၊ အသင်း (၁၀)နှစ်တာလှုပ်ရှားမှုမှတ်တမ်းစာအုပ်များ၊ အသင်းတံဆိပ်ပါလက်ဆွဲအိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၂.၈.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် (၅)ဦးသည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အသင်းသားအသစ်လက်ခံခြင်း

အသင်းသားအသစ်လက်ခံခြင်း

၁၀.၈.၂၅ ရက်နေ့တွင် ညနေ ၅ နာရီအချိန်တွင် ကယားပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်အိစုကျော် သည် ကယားပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းအား ပြန်လည်ဖွဲ့စည်းခဲ့ကာ အဖွဲ့ဝင်အသစ်များအား ကြိုဆိုခြင်း၊ အဖွဲ့ဝင်ဟောင်းများအား အားပေးစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဖွဲ့ဝင်များအား အသင်း၏ရည်ရွယ်ချက်၊ ဆောင်ပုဒ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်ဆောင်ရွက်မည့် အသင်းလုပ်ငန်းစဉ်များအား ချပြရှင်းလင်းခဲ့ပါသည်။ ကယားပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းအတွက် ဥက္ကဌ ဒေါ်အိစုကျော် က အလှူငွေ ၁၀ သိန်း၊ ဒုဥက္ကဌ ဒေါ်ကျော်နီနီညွှန့် က အလှူငွေ

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၈.၈.၂၀၂၅ ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဌတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (နေပြည်တော်)တို့က ပူးပေါင်းကျင်းပသော AML/CFT ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အိမ်ခြံမြေသင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ပါသည်။