လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

ဆွေးနွေးပွဲတက်ရောက်ခြင်း

ဆွေးနွေးပွဲတက်ရောက်ခြင်း

(၂၀.၆.၂၀၂၃)နေ့၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆွေးနွေးပွဲသို့ ကချင်ပြည်နယ် MWCDF အသင်းဥက္ကဌမှ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခြင်း

အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခြင်း

(၈.၆.၂၀၂၃)နေ့၊ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကရင်ပြည်နယ်အမျိုးသမီးကော်မတီမှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအနေဖြင့် “အမျိုးသမီးများ ဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ” သို့ ကရင်ပြည်နယ် MWCDF အသင်းမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

(၈.၆.၂၀၂၃)နေ့၊ နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်သော ရှေးဦး အရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌ တက်ရောက်ခဲ့ပါသည်။

မန္တလေးတိုင်း MWCDF အသင်းမှ EC Meeting ပြုလုပ်ခြင်း

မန္တလေးတိုင်း MWCDF အသင်းမှ EC Meeting ပြုလုပ်ခြင်း

(၂၈.၅.၂၀၂၃)နေ့တွင် မန္တလေးတိုင်း MWCDF အသင်း၏ EC အစည်းအဝေး(၂/၂၀၂၃)ကို ကျင်းပပြုလုပ်ရာ ဥက္ကဌ၊ ဒု-ဥက္ကဌနှင့် အဖွဲ့ဝင်များတက်ရောက်၍ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။ ထို့နောက် အဖွဲ့ဝင်သစ်များ ကြိုဆိုခြင်းနှင့် အသင်းအကြောင်း ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ကမ္ဘာ့သွေးတိုးရောဂါနေ့ အခမ်းအနားတက်ရောက်ခြင်း

ကမ္ဘာ့သွေးတိုးရောဂါနေ့ အခမ်းအနားတက်ရောက်ခြင်း

(၁၈.၅.၂၀၂၃)နေ့၊ နေပြည်တော်၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်(MWAF)မှ ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့သွေးတိုးရောဂါနေ့ အထိမ်းအမှတ်အခမ်းအနားသို့ MWCDF အသင်းမှ အတွင်းရေးမှူး နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တို့ တက်ရောက်ခဲ့ပါသည်။