လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

၂၉.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌသည် မော်လမြိုင်မြို့ ၊ လူမှုဝန်ထမ်းဦးစီးဌာန၌ ကျင်းပပြုလုပ်သော မွန်ပြည်နယ် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

နှစ်ပတ်လည်အခမ်းအနားကျင်းပပြုလုပ်ခြင်း

နှစ်ပတ်လည်အခမ်းအနားကျင်းပပြုလုပ်ခြင်း

၂၈.၇.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းရုံးချုပ်၌ အသင်း၏ (၁၂) နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားအား online zoom meeting ဖြင့် ကျင်းပပြုလုပ်ရာ အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဥက္ကဌ၊ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ဆွေးနွေးကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်(၂)ဦးသည် ၂၅.၇.၂၀၂၅ ရက်နေ့တွင် ရန်ကုန်မြို့မှ စီးပွါးရေးပညာရှင် ဒေါက်တာအောင်ပွားက တနင်္သာရီတိုင်း တိုင်းရင်းသားလုပ်ငန်းရှင်များအား ဟောပြော‌ပေးသည့်သင်တန်းသို့ တက်ရောက့်ခဲပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၂.၇.၂၀၂၅)ရက်နေ့ မကွေးတိုင်း ဖူဆယ်အားကစားရုံတွင် ကျင်းပပြုလုပ်သော မကွေးတက္ကသိုလ် (၂၀၂၄- ၂၀၂၅) ပညာသင်နှစ် ပါမောက္ခချုပ်ဖလား (အမျိုးသား/အမျိုးသမီး) ဖူဆယ်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင်ပေါင်း (၂)ဦး တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၁.၇.၂၀၂၅)ရက်နေ့တွင် မကွေးမြို့၊ တိုင်းအားကစားကွင်း၌ ကျင်းပသော ၂၀၂၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီး ရေနံမြေသခင်ဖိုးလှကြီးဒိုင်းအလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ အခမ်းအနားကို မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် (၂)ဦး တက်ရောက်ချီးမြှင့်ခဲ့ပါသည်။ ပြိုင်ပွဲတွင် မန္တလေးတိုင်းမှ (၄)သင်း၊ ပဲခူးတိုင်းမှ (၄)သင်း၊ ရန်ကုန်တိုင်းမှ (၁)သင်း၊ နေပြည်တော်မှ (၁)သင်းနှင့် မကွေးတိုင်းမှ (၂၂) သင်း စုစုပေါင်း-(၃၂)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၁.၇.၂၀၂၅)ရက်နေ့တွင် Cherry Queen Hotel ၌ ကျင်းပပြုလုပ်သည့် Trauma First Aid Provider Training ဆင်းပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်တောင်ပိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ တက်ရောက်ခဲ့ပါသည်။