လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

အစည်းအဝေးကျင်းပပြုလုပ်ခြင်း

အစည်းအဝေးကျင်းပပြုလုပ်ခြင်း

၁၂.၇.၂၀၂၅ ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ အလုပ်အမှုဆောင်အစည်းအဝေးအား ကျင်းပပြုလုပ်၍ အသင်းဥက္ကဋ္ဌနှင့် အလုပ်အမှု‌ဆောင်များတက်‌ရောက်ကာ အသင်းကြီး(၁၂)နှစ်မြောက် နှစ်ပတ်လည်အစည်းအ‌ဝေးအတွက် တင်ပြရန်အချက်များအား ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်း၊ အသင်းသားများ၏ တင်ပြချက်များနှင့် ငွေစာရင်းများကိုရှင်းလင်းတင်ပြကာ လုပ်ငန်းစဉ်များကို ဆွေးနွေးကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၃.၇.၂၀၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် ဒုဥက္ကဌ တို့သည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး သီရိရတနာခန်းမတွင် ကျင်းပပြုလုပ်သော မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၃.၇.၂၀၂၅ ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်လေးမေနှင့် အလုပ်အမှုဆောင်(၁၀)ဦးတို့သည် မြစ်ကြီးနားမြို့၊ အားကာခန်းမ၌ကျင်းပပြုလုပ်သော ၂၀၂၅ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် အသင်းမှ အမျိုးသမီးငယ်လေးများက ရှမ်းအကဖြင့်ဖျော်‌ဖြေ တင်ဆက်ကပြခဲ့သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုဆုချီးမြှင့်ခံရခြင်းနှင့် လူမှုရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် အတွင်းရေးမှူး ဒေါ်မိုးသီတာသိန်း သည်လည်း လူမှုထူးချွန်ဆု ချီးမြှင့်ခြင်းခံရသည့်အတွက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်​နေ့တွင်ကျ​ရောက်​သော မြန်မာအမျိုးသမီးများ​နေ့အခမ်းအနားကို မကွေးတိုင်း​ဒေသကြီး၊ မကွေးမြို့​ မြို့တော်ခန်းမ၌ကျင်းပရာ မကွေးတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်​ရောက်ခဲ့ပြီး အသင်း၏လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများပါဝင်ပြသခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်​နေ့တွင်ကျ​ရောက်​သော မြန်မာအမျိုးသမီးများ​နေ့ အခမ်းအနားကို ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်မြို့​ မြို့တော်ခန်းမ၌ကျင်းပရာ ဧရာဝတီတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အဖွဲ့ဝင်(၁၀)ဦးတက်​ရောက်ခဲ့ပြီး အသင်း၏ လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများပါဝင်ပြသခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၃.၇.၂၅ ရက်နေ့တွင် ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး MCC ခန်းမတွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတို့တက်ရောက်ခဲ့ကြပါသည်။