လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

( ၃. ၇. ၂၀၂၅ )ရက်နေ့တွင် နံနက် (၉:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၅ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ရှမ်းပြည်နယ် (တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ကေသီအောင်နှင့် အလုပ်အမှုဆောင်(၅)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဥက္ကဌ ဒေါ်ကေသီအောင် အား ၂၀၂၅ခုနှစ် အမျိုးသမီးစီးပွါးရေးစွမ်းဆောင်ရှင်ဆုနှင့် လူမှုထူးချွန်ဆု ရရှိသောကြောင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထပ်ဆင့်ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည့်အတွက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၅) မော်လမြိုင်မြို့ ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မွန်ပြည်နယ်၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး အသင်း၏လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများပြသခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၅) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ၊ ဇွဲကပင်ခန်းမ၌ကျင်းပသော အမျိုးသမီးများနေ့အခမ်းအနားတွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင် (၅)ဦး တက်ရောက်ပါသည်။ ဆုရရှိသူ (၁၀) ဦးအနက် (MWCDF ကရင်) အသင်းမှ (၃)ဆုကို ဆုငွေ- (၁၅၀၀၀၀)ကျပ် ချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၅)ရက်နေ့တွင် ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အမှု‌ဆောင်များ တက်ရောက်၍ အသင်းလှုပ်ရှားမှုဓါတ်ပုံမှတ်တမ်းများအား ပါဝင်ပြသရှင်းလင်း တင်ပြခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၃.၇.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှုး နှင့် အသင်းဝင်များသည် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီမှကြီးမှူး၍ Y MANDALAY Hotal တွင် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် အသင်း၏လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ ပါဝင်ပြသခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၃.၇.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF) မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များနှင့် နေပြည်တော် MWCDFအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး သီရိရတနာခန်းမ၌ ကျင်းပရာ တက်ရောက်ခဲ့ကြပါသည်။ အထိမ်းအမှတ်အခမ်းအနားတွင် အသင်းမှ မြန်မာ့သနပ်ခါးစစ်စစ်‌ ရေဖျော်လိမ်းမှုန့်ပေါင်ဒါ၊ အာလူးကြော်နှင့် ကြေးပစ္စည်းများ ခင်းကျင်းပြသခဲ့ပါသည်။ ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ကဏ္ဍအလိုက်ထူးချွန် အမျိုးသမီးများအား ဆုချီးမြှင့်ခြင်းအစီအစဉ်တွင် အမျိုးသားစာပေးဆုရရှိသူ (ပဲခူးတိုင်း)