လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

၂၆.၆.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် အမျိုးသမီး​ကော်မတီ အစည်းအ​ဝေးသို့ ဧရာဝတီတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ အတွင်း​ရေးမှူးတက်​ရောက် ဆွေးနွေးခဲ့ပါသည်။ 

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

၂၅.၆.၂၀၂၅ ရက်‌နေ့တွင် မွန်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဌ နှင့် အတွင်းရေးမှူးတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၀.၆.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ တွဲဘက်အတွင်းရေးမှုး ဒေါ်ခင်မိမိစိုးနှင့် အဖွဲဝင်နှစ်ဦးတို့သည် ရန်ကုန်မြို့၊ MCCခန်းမတွင် ပြုလုပ်သော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၆.၆.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ် များဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်  ၄ ဦးတို့သည် မကွေးမြို့ သမဝါယမစာရင်းရေး/စာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်းတွင်ပြုလုပ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သင်တန်းဖွင့်ပွဲနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သင်တန်ဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၄.၆.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီအစည်းအဝေးနှင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ အစည်းအဝေး  (၂)ရပ်သို့ မန္တ‌လေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၉.၆.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်သည့် ပြည်နယ်အမျိုးသမီးကော်မတီ(၁/၂၀၂၅)နှင့် ဇူလိုင်လ (၃)ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကျင်းပနိုင်ရေးနှင့် အကြိုလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ကေသီအောင်နှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ပါသည်။