လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၉.၆.၂၀၂၅ ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာကြူကြူအေး နှင့် ရုံးအဖွဲ့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၅.၆.၂၀၂၅ ရက်နေ့တွင် မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၆.၂၀၂၅ ရက်နေ့တွင် ကချင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အကြိုညှိနှိုင်းအစည်းအဝေးသို့ ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေး သူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ ‌တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၇.၅.၂၀၂၅ ရက်နေ့တွင် ကချင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်သော ၂၀၂၅ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အကြိုညှိနှိုင်းအစည်းအဝေးသို့ ကချင်ပြည်နယ် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ ‌တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၇.၅.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ပြုလုပ်သော ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းအလုပ်ရုံဆွေးနွေးပွဲကို မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

ကူညီထောက်ပံ့လှူဒါန်းခြင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

၁၀.၄.၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ အသင်းဝင်များသည် ငလျင်ဒဏ်ကြောင့် အ.ထ.က( ၇ ) ယာယီကယ်ဆယ်ရေးစခန်းရှိ (ကျား) ၃၆ ဦး၊ (မ) ၄၈ ဦးထံသို့ ငါးနီတူကြော်၊ ချဉ်ပေါင်ကြော်၊ ကြက်ဥပြုတ်များ သွားရောက်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းငွေ ၃၅၀,၀၀၀/-ကျပ်ဖြစ်ပါသည်။