လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၈.၃.၂၅ ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဌ ဒေါ်နန်းမြင့်တင်၊ အတွင်းရေးမှူး နန်းခင်သက်မာဝင်း၊ အဖွဲ့ဝင် ၅ ဦးသည်  ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်ခန်းမတွင်ပြုလုပ်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကို  တက်ရောက်ချီးမြှင့်ခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့ ၄ ဖွဲ့အတွက် တစ်ဖွဲ့လျှင် ၅၀၀၀၀ ကျပ်စီဖြင့် စုစုပေါင်း ၂ သိန်းကျပ် ချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၈.၃.၂၅ ရက်နေ့တွင် နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်စီ နှင့် အဖွဲ့ဝင် ၁၀ ဦးသည် မကွေးမြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားသို့  တက်ရောက်ခဲ့ပြီး အသင်းလှုပ်ရှားမှုမှတ်တမ်းများကိုလည်း ပြသခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၈.၃.၂၅ ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဌ ဒေါ်အေးမွန် သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၈.၃.၂၅ ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်လေးမေ သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အားကာခန်းမ၌ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၈.၃.၂၅ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားအား မန္တလေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ မန္တ‌လေးတိုင်း‌ အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဌ ဒေါ်အေးအေးသင်း၊ အတွင်းရေးမှုး ဒေါ်ချယ်ရီစိုးသိန်းနှင့် အသင်းဝင်များတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၈.၃.၂၅ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကို နေပြည်တော်၊ ရုံးအမှတ် ၂၃၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ ဒေါက်တာဝေဝေသာနှင့် ဒုဥက္ကဋ္ဌ ဒေါ်သူဇာဝေ တို့တက်ရောက်ခဲ့ပါသည်။ အထိမ်းအမှတ်ပြခန်းတွင် အသင်း၏ ဝါးလက်မှုထုတ်ကုန်ပစ္စည်းများ၊ အဝတ်အထည်များနှင့် စားသောက်ကုန်များ ခင်းကျင်းပြသခဲ့ပါသည်။