အခမ်းအနားတက်ရောက်ခြင်း

၈.၃.၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ပဲခူးမြို့ သီရိဟံသာခန်းမတွင် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ပါဝင်တက်ရောက်ခဲ့ကြပါသည်။
Myanmar Women and Children Development Foundation

၈.၃.၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ပဲခူးမြို့ သီရိဟံသာခန်းမတွင် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ပါဝင်တက်ရောက်ခဲ့ကြပါသည်။

၈.၃.၂၅ ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ စည်းရုံးရေးမှူး ဒေါ်သိမ့်သိမ့်ဟန်နှင့် အဖွဲ့ဝင် ဒေါ်မာမာအေးတို့သည် ထားဝယ်မြို့၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

၇.၃.၂၀၂၅ ရက်နေ့ ၁၀၀၀ နာရီတွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၏ (၅၇)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို အသင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အသင်းဥက္ကဋ္ဌ ဒေါက်တာဝေဝေသာ က အမှာစကားပြောကြားပြီး ဒုဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များက မိမိတို့ကဏ္ဍအလိုက် လုပ်ဆောင်ခဲ့သည်များနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။

၇.၃.၂၅ ရက်နေ့တွင် MCC ခန်းမတွင် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် Miss ပြိုင်ပွဲအခမ်အနားသို့ ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ ဒေါ်မော်မော်ရှိန်နှင့် အဖွဲ့ဝင် ၃ ဦး တက်ရောက်ခဲ့ပါသည်။

၂.၃.၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမင်္ဂလာခန်းမတွင်ပြုလုပ်သော အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြှင့်တစ်ရက်တာအလုပ်ရုံဆွေးနွေးပွဲ (Women Leadership one day workshop)သို့ ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အလုပ်အမှုဆောင် ဒေါ်ခင်စန်းကြူနှင့် ဒေါ်နီလာချစ်တို့ တက်ရောက်၍ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

၂၆.၂.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် ဗဟိုအလုပ်အမှုဆောင်တို့သည် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၁)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။