လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၀.၁.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမတွင် ကျင်းပသည့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်း ကြီးကြပ်မှုကော်မတီအစည်းအဝေးနှင့် အမျိုးသမီးကော်မတီအစည်းအဝေးကို ပဲခူးတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၆.၁.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၅) အစည်းအဝေးကို နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာမြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာနန္ဒာမွှန်း တက်ရောက်၍ ဆွေးနွေးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၄.၁.၂၀၂၅ ရက်နေ့တွင် ပုသိမ်မြို့​ကျောက်တိုင်အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် (၇၇)နှစ်​​မြောက်လွတ်လပ်​ရေး​နေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဘဏ္ဍာရေးမှုးနှင့် အဖွဲ့ဝင်(၃)ဦး တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၄.၁.၂၀၂၅ ရက်နေ့ ၇:၀၀ နာရီချိန်တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်သော (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အမှုဆောင်နှစ်ဦး တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၀.၁၂.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် (၄)ဦးသည် မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး နှစ် (၁၀၀)ပြည့် အထိမ်းအမှတ် ငွေရတုသဘင် အခမ်းအနားကိုတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၉.၁၂.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်၊ သင်တန်းသူ (၅)ဦးသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကြီးမှူးကျင်းပသည့် တန်ဖိုးမြှင့်စားသောက်ကုန် (၇)မျိုး ထုတ်လုပ်နည်း အဆင့်မြင့်သင်တန်းကို တက်ရောက်ခဲ့ပါသည်။