လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၃.၇.၂၀၂၅ ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်လေးမေနှင့် အလုပ်အမှုဆောင်(၁၀)ဦးတို့သည် မြစ်ကြီးနားမြို့၊ အားကာခန်းမ၌ကျင်းပပြုလုပ်သော ၂၀၂၅ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် အသင်းမှ အမျိုးသမီးငယ်လေးများက ရှမ်းအကဖြင့်ဖျော်‌ဖြေ တင်ဆက်ကပြခဲ့သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုဆုချီးမြှင့်ခံရခြင်းနှင့် လူမှုရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် အတွင်းရေးမှူး ဒေါ်မိုးသီတာသိန်း သည်လည်း လူမှုထူးချွန်ဆု ချီးမြှင့်ခြင်းခံရသည့်အတွက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်​နေ့တွင်ကျ​ရောက်​သော မြန်မာအမျိုးသမီးများ​နေ့အခမ်းအနားကို မကွေးတိုင်း​ဒေသကြီး၊ မကွေးမြို့​ မြို့တော်ခန်းမ၌ကျင်းပရာ မကွေးတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်​ရောက်ခဲ့ပြီး အသင်း၏လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများပါဝင်ပြသခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်​နေ့တွင်ကျ​ရောက်​သော မြန်မာအမျိုးသမီးများ​နေ့ အခမ်းအနားကို ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်မြို့​ မြို့တော်ခန်းမ၌ကျင်းပရာ ဧရာဝတီတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အဖွဲ့ဝင်(၁၀)ဦးတက်​ရောက်ခဲ့ပြီး အသင်း၏ လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများပါဝင်ပြသခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၃.၇.၂၅ ရက်နေ့တွင် ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး MCC ခန်းမတွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတို့တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

( ၃. ၇. ၂၀၂၅ )ရက်နေ့တွင် နံနက် (၉:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၅ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ရှမ်းပြည်နယ် (တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ကေသီအောင်နှင့် အလုပ်အမှုဆောင်(၅)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဥက္ကဌ ဒေါ်ကေသီအောင် အား ၂၀၂၅ခုနှစ် အမျိုးသမီးစီးပွါးရေးစွမ်းဆောင်ရှင်ဆုနှင့် လူမှုထူးချွန်ဆု ရရှိသောကြောင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထပ်ဆင့်ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည့်အတွက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၅) မော်လမြိုင်မြို့ ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မွန်ပြည်နယ်၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး အသင်း၏လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများပြသခဲ့ကြပါသည်။