လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

အစည်းအဝေးကျင်းပပြုလုပ်ခြင်း

အစည်းအဝေးကျင်းပပြုလုပ်ခြင်း

တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌနှင့် အလုပ်အမှုဆောင်များသည် ၇.၁၂.၂၀၂၅ ရက်နေ့ တိုင်းအသင်းအစည်းအဝေးကိုကျင်းပပြုလုပ်၍ လိုအပ်ချက်များကိုညှိနှိုင်းဆွေးနွေးဆုံးဖြတ်ပြီး ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးခြင်း

တွေ့ဆုံဆွေးနွေးခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ၅.၁၂.၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ ဗဟိုရုံးချုပ်၌ မြန်မာနိုင်ငံ ဧဝံဂေလိခရစ် ယာန်မဟာမိတ်အဖွဲ့ချုပ်(MECA)၊ Full Moon Family Foundation တို့နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြရာ MWCDF အသင်းဒုဥက္ကဌမှ အသင်း၏ရှေ့ဆက်လုပ်ငန်းစဉ်များကို အသေးစိတ်ရှင်းလင်းပြောကြားပြီး အမှတ်တရမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် မြန်မာနိုင်ငံ ဧဝံဂေလိခရစ် ယာန်မဟာမိတ်အဖွဲ့ချုပ် (MECA) နှင့် Full Moon Family Foundation တို့မှ အသင်းအတွက် အလှူငွေသိန်း(၆၀) ကျပ် ပေးအပ်လှူဒါန်းရာ MWCDF

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ၅.၁၂.၂၀၂၅ ရက်နေ့တွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင်ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု” အထိမ်းအမှတ်အခမ်းအနားကိုတက်ရောက်ပြီး အလှူငွေ ၁၂၀,၀၀၀ ကျပ်ကို လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် ၄ ဦးတို့သည် ၅.၁၂.၂၀၂၅ ရက်နေ့တွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ကျင်းပပြုလုပ်သည့် “ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု့ပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု့” အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ သည် ၄.၁၂.၂၀၂၅ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိခန်းမတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာကြူကြူအေး သည် ၄.၁၂.၂၀၂၅ ရက်နေ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာလုပ်ငန်းကော်မတီအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။