လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၈.၁၁.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ ဒေါ်စုညွန့်ဦးနှင့် အတွင်းရေးမှူး ဒေါ်မေမြင့်မောင် တို့သည် နေပြည်တော်၊ MICC(II)ခန်းမ၌ ရင်းနှီမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)”ရာပြည့် အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၇.၁၁.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားတွင် မကွေးတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များစုစုပေါင်း (၁၁)ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၇.၁၁.၂၀၂၄)ရက်နေ့တွင် မွန်ပြည်နယ်၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားတွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူး တို့တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးပြုလုပ်ခြင်း

အစည်းအဝေးပြုလုပ်ခြင်း

(၂၇.၁၁.၂၀၂၄)ရက်နေ့တွင် ၁၀၀၀ နာရီတွင် အသင်းရုံးအစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ (၅၅)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ကျင်းပပြုလုပ်ရာ အသင်း ဒုဥက္ကဌ ဒေါ်စုညွန့်ဦးက အမှာစကားပြောကြားပြီး အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များက မိမိတို့ကဏ္ဍအလိုက် လုပ်ဆောင်ခဲ့သည်များနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများကို ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၆.၁၁.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၆.၁၁.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင် (၂)ဦးတို့သည် နေပြည်တော်၊ M-Gallery Hotel ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ACW Myanmar မှ ဦးဆောင်ကျင်းပသော ပဥ္စမအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (5th AMMW Meeting and Related Meeting) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။