(၄၅)ကြိမ်မြောက် CEC Meeting

(၂၄.၅.၂၀၂၂)နေ့၊ နေပြည်တော် MWCDF(ရုံးချုပ်)တွင် အသင်း၏(၄၅)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။
Myanmar Women and Children Development Foundation
(၂၄.၅.၂၀၂၂)နေ့၊ နေပြည်တော် MWCDF(ရုံးချုပ်)တွင် အသင်း၏(၄၅)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။
(၁၃.၅.၂၀၂၂)ရက်နေ့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသား/သမီး ဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ မကွေးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
(၁၉.၄.၂၀၂၂)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်းမှ “မေတ္တာကမ္ဘာပျိုးထောင်ရာ” ကလေးနှင့်မိသားစုများ၏ ဆက်ဆံရေးပညာပေးလုပ်ငန်းစီမံချက်သင်တန်းကို သင်တန်းသူ(၂၀)ဦးနှင့် ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးမှ အမှာစကားပြောကြားခဲ့ပြီး တိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့သည် သင်တန်းအား စာတွေ့/လက်တွေ့ ဆွေးနွေးပို့ချခဲ့ပါသည်။
(၂.၄.၂၀၂၂)နေ့တွင် မကွေးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ မီလီမကွေးနယ်ရုံးခွဲ၏ အဖွဲ့ဝင်များတွေ့ဆုံခြင်းနှင့် လက်မှုပညာ ခေါင်းစီးကြိုး ပြုလုပ်နည်းသင်တန်းပို့ချခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး Gender, CEDAW, NSPAW, UNSCR-1325 အကြောင်း သိသင့်သောအချက်များ အကျဉ်းချုပ်ကို မသန်စွမ်းအသင်းသူ/သားများအား ဆွေးနွေးဟောပြောခဲ့ပါသည်။
(၂၈.၃.၂၀၂၂)နေ့၊ နေပြည်တော်၊ MWCDF (ရုံးချုပ်)တွင် အသင်း၏(၄၄)ကြိမ်မြောက် ဗဟိုအလုပ် အမှုဆောင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။
(၂၄.၃.၂၀၂၂)နေ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်သော “မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အစည်းအဝေး(၁/၂၀၂၂)” သို့ MWCDF အသင်းမှ ခေတ္တဥက္ကဌ တက်ရောက်ဆွေးနွေးခဲ့ပါသည်။