လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

ရှမ်း ပြည် နယ် မြောက် ပိုင်း ၊ ဝက်သက် ဂျိုက် သိုး ရောဂါ ကာကွယ် ဆေး ထပ်ဆောင်း ထိုး နှံ ခြင်း (၂၀၁၉) ပြည် နယ် အဆင့် အသိပေးရှင်း လင်း ခြင်း အစည်း အဝေး သို့ ရှမ်းပြည်နယ် မြောက်ပိုင်း မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း( MWCDF -NSS)မှ ပြည်နယ် ၊ခရိုင်၊ မြို့ နယ် မိခင် နှင့်

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၉.၁၀.၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ် MWCDF အသင်းမှ အလုပ်အမှုဆောင်များသည် မွန်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီ နှင့် ပြည်နယ် အမျိုးသမီးအားကစားအဖွဲ့တို့မှ ပူးပေါင်းကျင်းပသော (၁၀)မြို့နယ်အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု(အေရိုးပစ်) နှင့် Myanmar FITNESS DANCE ပြိုင်ပွဲ ဆုပေးပွဲနှင့် သရုပ်ပြပွဲသို့ သွားရောက်အားပေးခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အခမ်းအနားသို့ တက်ရောက်ခြင်း

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အခမ်းအနားသို့ တက်ရောက်ခြင်း

(၁၈.၁၀.၂၀၁၉)ရက်နေ့တွင် MWCDFအသင်းမှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များသည် နေပြည်တော်၊ MICC-2 ခန်းမ၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

” မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းသူများဆိုင်ရာပညာရေးညီလာခံ” အခမ်းအနားတက်ရောက်ခြင်း

” မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းသူများဆိုင်ရာပညာရေးညီလာခံ”  အခမ်းအနားတက်ရောက်ခြင်း

(၁၇.၁၀.၂၀၁၉)ရက်နေ့တွင် MWCDFအသင်းမှ ဒုဥက္ကဋ္ဌ ဒေါ်စုညွန့်ဦးနှင့် အဖွဲ့ဝင်များသည်နေပြည်တော် MICC-2 ၌ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှင့် မြန်မာနိုင်ငံ အထူးပညာရေးအသင်းတို့ ပူးပေါင်း ကျင်းပသော “ မြန်မာနိုင်ငံ ဉာဏ်ရည်မသန်စွမ်းသူ များဆိုင်ရာပညာရေးညီလာခံ” အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၀.၁ဝ.၂၀၁၉)ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ဟုတ်ကြန့်မင်္ဂလာခန်းမတွင် ရှမ်းပြည်နယ် ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၏ ကတိသစ္စာခံယူပွဲအခမ်းအနားကို မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင် ရေးအသင်း(ရှမ်းတောင်)MWCDF (sss) ဥက္ကဌ နှင့်တွဲဖက်အတွင်းရေးမှူး(၂)၊အလုပ်အမှု ဆောင်များဖြစ်ကြသော သုဓမ္မသိင်္ဂီဒေါ်ကေသီအောင်၊ ဦးကြည်လေး၊ ဒေါ်နန်းလှသန်း၊ ကိုဇာနည်အေးဝင်းတို့ တက်ရောက် အားပေးချီးမြှင့်ခဲ့ပါသည်။ ထို့အတူ အလှူငွေ(၁၀၀၀၀၀) တစ်သိန်းကျပ်ကိုလဲ အသင်းကြီးကိုယ်စား ပါဝင်ကူညီ လှူဒါန်းခဲ့ပါသည်။

Gender ဆိုင်ရာ တိုက်တွန်းစည်းရုံးခြင်းအကြိုညှိနှိုင်းအစည်းအဝေး

Gender ဆိုင်ရာ တိုက်တွန်းစည်းရုံးခြင်းအကြိုညှိနှိုင်းအစည်းအဝေး

(၄.၁၀.၂၀၁၉)ရက်နေ့တွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့၌ ကျင်းပပြုလုပ်သော ဂျဲန်ဒါဆိုင်ရာတိုက်တွန်း စည်းရုံး လှုပ်ဆော်ခြင်းအတွက် အကြိုညှိနှိုင်းအစည်းအဝေးသို့ တနင်္သာရီတိုင်း MWCDFအသင်း အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပါသည်။