လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်ခြင်း

မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်ခြင်း

(၁၁.၂.၂၀၂၂)နေ့တွင် ပဲခူးတိုင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ဖေဖော်ဝါရီ(၁၃)ရက်နေ့ တွင် ကျရောက်မည့် မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနား သို့ ပဲခူးတိုင်း MWCDF အသင်း အဖွဲ့ဝင်များ တက်ရောက်ပါဝင်၍ ကလေးငယ်(၉၂)ယောက်တို့အား ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

Gender, CEDAW, NSPAW, UNSCR-1325 Online အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနား နှင့် သင်တန်းတက်ရောက်ခြင်း

Gender, CEDAW, NSPAW, UNSCR-1325 Online အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနား နှင့် သင်တန်းတက်ရောက်ခြင်း

(၁၂.၁.၂၀၂၂)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အဖွဲ့ဝင် အမျိုးသမီးအဖွဲ့အစည်းများအတွက် Gender, CEDAW, NSPAW, UNSCR-1325 Online အသိပညာပေးသင်တန်းကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၂)ရက် နေ့နှင့် (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ခေတ္တဥက္ကဌ ဒေါ်သူဇာဝေနှင့် အတွင်းရေးမှူး ဒေါ်မေမြင့်မောင်တို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ သင်တန်းကို မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)တို့မှ MWCDF

ပြည်နယ် အမျိုးသမီးကော်မတီနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးတက်ရောက်ခြင်း

ပြည်နယ် အမျိုးသမီးကော်မတီနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးတက်ရောက်ခြင်း

(၂၈.၁၂.၂၀၂၁)နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ကျင်းပပြုလုပ်သော ပြည်နယ်အမျိုးသမီး ကော်မတီနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF ဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ နှစ်သစ်မင်္ဂလာဆုမွန်ကောင်း ဆုတောင်းစကားပြောကြားခြင်း

၂၀၂၂ ခုနှစ်၊ နှစ်သစ်မင်္ဂလာဆုမွန်ကောင်း ဆုတောင်းစကားပြောကြားခြင်း

(၂၁.၁၂.၂၀၂၁)နေ့တွင် MWCDF အသင်းရုံးသို့ မြဝတီရုပ်မြင်သံကြားရိုက်ကူးရေးအဖွဲ့မှ “နှစ်သစ်ဆုမွန်ကောင်း စကားပြောကြားခြင်း အစီအစဉ်” ထုတ်လွှင့်ပြသရန်အတွက် လာရောက်၍ ရိုက်ကူးရာ MWCDF အသင်း ခေတ္တဥက္ကဌ ဒေါ်သူဇာဝေမှ အသင်းကိုယ်စား “၂၀၂၂ ခုနှစ်၊ နှစ်သစ်မင်္ဂလာ ဆုမွန်ကောင်း ဆုတောင်းစကား” ပြောကြားခဲ့ပါသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ(၁/၂၀၂၁)အစည်းအဝေး တက်ရောက်ခြင်း

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ(၁/၂၀၂၁)အစည်းအဝေး တက်ရောက်ခြင်း

(၁၅.၁၂.၂၀၂၁)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (၁/၂၀၂၁)အစည်းအဝေးသို့ MWCDF အသင်းမှ အတွင်းရေးမှူး တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ကချင်ပြည်နယ် MWCDF မှ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား တက်ရောက်ခြင်း

ကချင်ပြည်နယ် MWCDF မှ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား တက်ရောက်ခြင်း

(၇.၁၂.၂၀၂၁)နေ့၊ ကချင်ပြည်နယ်လူမှုဝန်ထမ်းမှ မြစ်ကြီးနားမြို့၊ အမှတ်(၁)မူလတန်းကြို ကျောင်း၊ စန်းသီတာခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၁ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားသို့ ကချင်ပြည်နယ် MWCDF အသင်းဥက္ကဌ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် တေးသီချင်းသီဆိုဖျော်ဖြေပေးသော ကလေးအဖွဲ့(၂)ဖွဲ့အား ဆုချီးမြှင့်ပေးခဲ့ပါသည်။