လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

နှစ်ပတ်လည်အခမ်းအနား(ဒုတိယပိုင်း)

နှစ်ပတ်လည်အခမ်းအနား(ဒုတိယပိုင်း)

(၇.၈.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)အသင်း၏ (၁၁)နှစ်မြောက်နှစ်ပတ်လည်အစည်းအဝေး ဒုတိယပိုင်းအစီအစဉ်ကို နေပြည်တော်၊ Horizon Lake View Hotel၊ သရဖီခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး(MWCDF) အသင်း ဥက္ကဌ ဒေါက်တာဝေဝေသာမှ အဖွင့်အမှာ စကားပြောကြားခြင်း၊ ဒုဥက္ကဌ ဒေါ်စုညွန့်ဦးမှ အသင်း၏ဆောင်ရွက်ချက်များနှင့် ဘဏ္ဍငွေသုံးစွဲခြင်းဆိုင်ရာများ ဆွေးနွေးမှာကြားခြင်း၊ ဒုဥက္ကဌ ဒေါ်သူဇာဝေမှ အသင်းဖွဲ့စည်းပုံနှင့် အသင်းဝင်များ လိုက်နာသင့်သော စည်းမျဉ်း/စည်းကမ်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခြင်း၊ အတွင်းရေးမှူး ဒေါ်မေမြင့်မောင်မှ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်းလုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အကျဉ်းချုပ်တင်ပြခြင်း၊

နှစ်ပတ်လည်အခမ်းအနား

နှစ်ပတ်လည်အခမ်းအနား

(၇.၈.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)အသင်း၏ (၁၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော်၊ Horizon Lake View Hotel တွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ ဂုဏ်ထူးဆောင်နာယကများဖြစ်ကြသည့် ဒေါ်ကြူကြူလှ၊ ဒေါ်ခင်သက်ဌေးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အလှူရှင်များ၊ အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် ပြည်နယ်/တိုင်းများမှ အသင်းဝင်များတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

(၁၈.၇.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည်တောင်ကြီးမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သော ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ပြီး ဥက္ကဌမှ အသင်းအကြောင်းမိတ်ဆက်ပြောကြားပြီး လက်ရှိဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အသင်းဝင်များသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကိုတက်ရောက်ခဲ့ပြီး ပြခန်းတွင် အသင်း၏လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံများကိုလည်း ပြသခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၄)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အသင်းဝင်များသည် ထားဝယ်မြို့၌ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကိုတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၄)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အလုပ်အမှုဆောင်များသည် ရန်ကုန်မြို့၊ MICC ခန်းမ၌ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကိုတက်ရောက်ခဲ့ပြီး အသင်း၏လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများပြသခဲ့ပါသည်။