လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

၂၀၂၁ ခုနှစ်၊ (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားတက်ရောက်ခြင်း

၂၀၂၁ ခုနှစ်၊ (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားတက်ရောက်ခြင်း

(၂၅.၁၁.၂၀၂၁)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၁ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားသို့ MWCDF အသင်း ဒုတိယဥက္ကဌမှ In Person ဖြင့် တက်ရောက်ခဲ့ပြီး နေပြည်တော်နှင့် ရန်ကုန် CEC များမှ Online ဖြင့် တက်ရောက်ခဲ့ပါ သည်။           

ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

(၁၅.၇.၂၀၂၁)နေ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ Online Meeting ဖြင့် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ၏ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ MWCDF အသင်းမှ အတွင်းရေးမှူး တက်ရောက်ဆွေးနွေးခဲ့ ပါသည်။

ပဲခူးတိုင်း MWCDF မှ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

ပဲခူးတိုင်း MWCDF မှ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၂.၇.၂၀၂၁)နေ့တွင် ပဲခူးတိုင်း၊ ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်တို့မှ တက်ရောက်ခဲ့ပါသည်။

ရန်ကုန်တိုင်း MWCDF မှ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

ရန်ကုန်တိုင်း MWCDF မှ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၂.၇.၂၀၂၁)နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးကော်မတီမှ ကြီးမှူး၍ ရန်ကုန်မြို့၊ တိုင်းလူမှုဝန်ထမ်းရုံး၌ ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ရန်ကုန်တိုင်း MWCDF အသင်း အတွင်းရေးမှူးမှ တက်ရောက်ခဲ့ပါသည်။

၂၀၂၁ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနား တက်ရောက်ခြင်း

(၃.၇.၂၀၂၁)နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ MWCDF အသင်းမှ ဥက္ကဌ တက်ရောက်ခဲ့ပါသည်။   

MWCDF အသင်း၏ (၈)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား

MWCDF အသင်း၏ (၈)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား

(၂၅.၆.၂၀၂၁)နေ့တွင် နေပြည်တော်၊ MWCDF(ရုံးချုပ်)၌ အသင်း၏ (၈)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားအား Zoom Online Meeting ဖြင့် အသင်းဥက္ကဌ၊ ဒုဥက္ကဌ၊ CEC များနှင့် ပြည်နယ်/တိုင်း မှ ဥက္ကဌ၊ အတွင်းရေးမှူး အဖွဲ့များနှင့် ကျင်းပပြုလုပ်ခဲ့ပါသည်။