လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ Online Meeting တက်ရောက်ခြင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ Online Meeting တက်ရောက်ခြင်း

(၂၂.၆.၂၀၂၁)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ Online Zoom Meeting ဖြင့် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအစည်းအဝေး(၁/၂၀၂၁) သို့ MWCDF အသင်းမှ ဥက္ကဌ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

(၄၂)ကြိမ်မြောက် CEC Meeting

(၄၂)ကြိမ်မြောက် CEC Meeting

(၂၁.၅.၂၀၂၁)နေ့တွင် နေပြည်တော်၊ MWCDF (ရုံးချုပ်)၌ အသင်း၏ (၄၂)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

VNR ညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

VNR ညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

(၂၀.၅.၂၀၂၁)နေ့၊ စီမံကိန်းနှင့်ဘဏ္ဍရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ Google Online Virtual Meeting ဖြင့် ကျင်းပပြုလုပ်သော Voluntary National Review(VNR) ညှိနှိုင်းအစည်းအဝေးသို့ MWCDF အသင်းမှ ဥက္ကဌ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားတက်ရောက်ခြင်း

၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားတက်ရောက်ခြင်း

၂၀၂၁ ခုနှစ်၊ မတ်လ(၃)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ Online အခမ်းအနားသို့ MWCDF အသင်းမှ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ပါသည်။

(၄၁)ကြိမ်မြောက် CEC Meeting

(၄၁)ကြိမ်မြောက် CEC Meeting

(၂၄.၃.၂၀၂၁)နေ့၊ နေပြည်တော်၊ MWCDF (ရုံးချုပ်)၌ အသင်း၏ (၄၁)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးတက်ရောက်ခြင်း

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးတက်ရောက်ခြင်း

(၁၅.၁.၂၀၂၁ မှ ၁၆.၁.၂၀၂၁)ရက်နေ့ထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်းဦးစီး မှူးရုံး၌ ကျင်းပပြုလုပ်သော ကလေးသူငယ်အခွင့်အရေး ဆိုင်ရာကော်မတီနှင့်အမျိုးသမီးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ကချင်ပြည် နယ် ဥက္ကဋ္ဌ ဒေါ်ခင်လေးမေ နှင့် အဖွဲ့ဝင်တို့ တက်ရောက် ခဲ့ကြပါသည်။