လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၆.၂.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် ဗဟိုအလုပ်အမှုဆောင်တို့သည် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၁)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၄.၂.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည့် “ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” အထိမ်းအမှတ် Miss ပြိုင်ပွဲကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ ဒေါ်မော်မော်ရှိန် တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

၁၀.၂.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ ဒေါ်သူဇာဝေ နှင့် အလုပ်အမှုဆောင် ဒေါ်သဲဖြူဇင် တို့သည် လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

၂၈.၁.၂၀၂၅ ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော “အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း NSPAW (၂၀၂၃/၂၀၃၂)၏ လုပ်ငန်းနယ်ပယ်(၁၂)ရပ်အလိုက်ရေးသားထားသော (၂၀၂၃/၂၀၂၄) ဘဏ္ဍာရေးနှစ်၊ ကနဦးအစီရင်ခံစာများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ တွဲဘက်အတွင်းရေးမှူး ဒေါ်ခင်မြဝင်း တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၀. ၁. ၂၀၂၅ ရက်နေ့တွင် ရန်ကုန်မြို့ Nippon Language Center၌ ကျင်းပပြုလုပ်သော ဂျပန် – မြန်မာချစ်ကြည်ရေးအသင်းနှင့် Nipon Language Center တို့မှ ဒေါ်ယူရီဇော် ဦးဆောင်မှုဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ လုပ်ငန်းစဉ်များဆောင်ရွက်ရန်အတွက် အလှူငွေ သိန်း(၆၀)ကျပ် ပေးအပ်လှူဒါန်းရာ ပြည်နယ်အသင်း ဥက္ကဋ္ဌ ဒေါ်ကေသီအောင်မှ တက်ရောက်လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အသင်းလှုပ်ရှားမှုမှတ်တမ်းစာအုပ်၊ တီရှစ်၊ ပြက္ခဒိန်တို့ကို ပြန်လည်ပေးအပ်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၀.၁.၂၀၂၅ ရက်နေ့တွင် မကွေးမြို့၊ မြို့တော်ခန်းမတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးတိုင်းဒေသကြီး ဥပဒေရုံးချုပ်က ဖွင့်လှစ်သော တိုင်းအဆင့်ဌာနဆိုင်ရာများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်(၄)ဦးတက်ရောက်ခဲ့ပါသည်။