လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်ခြင်း

သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်ခြင်း

(၂၄.၆.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးဆိုင်ရာ(အခြေခံ)သင်တန်းဆင်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အသိပညာပေးသင်တန်းတက်ရောက်ခြင်း

အသိပညာပေးသင်တန်းတက်ရောက်ခြင်း

(၂၁.၆.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်တစ်ဦးတို့သည် ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်သောရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဥပဒေအသိပညာပေးသင်တန်းသို့ တက်ရောက်ခဲ့ပါသည်။

အသိပညာပေးသင်တန်းတက်ရောက်ခြင်း

အသိပညာပေးသင်တန်းတက်ရောက်ခြင်း

(၂၀.၆.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၁)ဦးတို့သည် ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်သောရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းသို့ တက်ရောက်ခဲ့ပါသည်။

သစ်ပင်စိုက်ပျိုးပွဲ

သစ်ပင်စိုက်ပျိုးပွဲ

(၂၀.၆.၂၀၂၄)ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌနှင့် တွဲဘက်အတွင်းရေးမှူးတို့သည် တတိယအကြိမ်မြောက် တိုင်းဒေသကြီးအမျိုး သမီးကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို တက်ရောက်၍ ပူးပေါင်းပါဝင်စိုက်ပျိုးခဲ့ကြပါသည်။

ကော်မတီအစည်းအဝေးတက်ရောက်ဆွေးနွေးခြင်း

ကော်မတီအစည်းအဝေးတက်ရောက်ဆွေးနွေးခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ သည် ကြက်ခြေနီကြီးကြပ်မှုကော်မတီအစည်းအဝေး (၃/၂၀၂၄)ကို တက်ရောက်ဆွေးနွေးခဲ့ပါသည်။

စာပေဟောပြောပွဲတက်ရောက်ခြင်း

စာပေဟောပြောပွဲတက်ရောက်ခြင်း

(၁၇.၆.၂၀၂၄)ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ တွဲဘက်အတွင်းရေးမှူးတို့သည် မြန်မာအမျိုးသမီးများနေ့အကြို စာပေဟောပြောပွဲသို့ တက်ရောက်ခဲ့ပါသည်။