လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

အသင်းဝင်သစ်များအား ကြိုဆိုပွဲအခမ်းအနား

အသင်းဝင်သစ်များအား ကြိုဆိုပွဲအခမ်းအနား

(၁၃.၆.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အလုပ်အမှုဆောင် (၁၀)ဦးတို့သည် ပြည်နယ်အသင်း (၅)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် အသင်းဝင်သစ်များအားကြိုဆိုပွဲအခမ်းအနားကို ညောင်ရွှေ မြို့၊ ခိုင်မေတ္တာသင်တန်းခန်းမတွင် အစီအစဉ် (၅)ရပ်ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ အသင်းဝင်သစ် (၄၀)ဦး တက်ရောက် တွေ့ဆုံခဲ့ကြပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေး

လုပ်ငန်းညှိနှိုင်းအစည်းအဝေး

(၁၂.၆.၂၀၂၄)ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် မွန်ပြည်နယ်၊ လူမှုဝန်ထမ်းရုံးတွင် ကျင်းပပြုလုပ်သော မွန်ပြည်နယ် ကလေးသူငယ်များဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။

အကြိုညှိနှိုင်းအစည်းအဝေး

အကြိုညှိနှိုင်းအစည်းအဝေး

(၁၂.၆.၂၀၂၄)ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌသည် တိုင်းလူမှုဝန်ထမ်းဦးစီးဌာနရုံး၌ကျင်းပပြုလုပ်သော ကလေးအလုပ်သမားပပျောက်ရေးကော်မတီအစည်းအဝေးနှင့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။

အကြိုညှိနှိုင်းအစည်းအဝေး

အကြိုညှိနှိုင်းအစည်းအဝေး

(၇.၆.၂၀၂၄)ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များသည် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၌ပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကျင်းပနိုင်ရန် အကြိုညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးကျင်းပပြုလုပ်ခြင်း

အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၇.၆.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ အလုပ်အမှုဆောင်အစည်းအဝေးကိုကျင်းပပြုလုပ်ရာ ဥက္ကဌ၊ ဒုဥက္ကဌ၊ အလုပ်အမှုဆောင်များ၊ အဖွဲ့ဝင်များနှင့် ရှေ့လုပ်ငန်းစဉ်များဆက်လက်လုပ်ဆောင်နိုင်ရန် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း

ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း

(၆.၆.၂၀၂၄)ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌသည် နေပြည်တော် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကြီး ကြပ်မှုကော်မတီမှ အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ လယ်ဝေးမြို့ Wisdom Light Preschool ပုဂ္ဂလိကမူလတန်းကြိုကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်းလုပ်ငန်းများနှင့် တည်ထောင်ခွင့်ပြုမိန့်ပေးနိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။