လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား

အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား

(၂၃.၅.၂၀၂၄)ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသည့် ဒေသခံတိုင်းရင်းသားများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေနွေးပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား

နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား

(၂၃.၅.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

ညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

ညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

(၁၇.၅.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကျင်းပပြုလုပ်သော ဘေဂျင်းလုပ်ငန်းစီမံချက်၏ လုပ်ငန်းနယ် (၁၂)ရပ်အကောင်အထည်ဖော်ဆောင်ရွက်မှုများအပေါ် နိုင်ငံအဆင့်လေ့လာသုံးသပ်မှုအစီရင်ခံစာ BPFA+30 တင်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အသိပညာပေးအခမ်းအနားတက်ရောက်ခြင်း

အသိပညာပေးအခမ်းအနားတက်ရောက်ခြင်း

(၇.၅.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသော ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။ 

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁.၅.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော “ကမ္ဘာ့အလုပ်သမားနေ့” အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

ကြက်ခြေနီကြီးကြပ်ကော်မတီ၏ (၁/၂၀၂၄)အစည်းအဝေး

ကြက်ခြေနီကြီးကြပ်ကော်မတီ၏ (၁/၂၀၂၄)အစည်းအဝေး

(၃.၄.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်ကော်မတီ၏ (၁/၂၀၂၄)အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။