(၃၉)ကြိမ်မြောက် CEC Meeting ပြုလုပ်ခြင်း

(၂၈.၇.၂၀၂၀)နေ့၊ နေပြည်တော် MWCDF (ရုံးချုပ်)တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ (၃၉)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ ပြုလုပ်ခဲ့ပါသည်။
Myanmar Women and Children Development Foundation
(၂၈.၇.၂၀၂၀)နေ့၊ နေပြည်တော် MWCDF (ရုံးချုပ်)တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ (၃၉)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ ပြုလုပ်ခဲ့ပါသည်။
(၁၇.၇.၂၀၂၀)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(ပဲခူးတိုင်း) ဥက္ကဋ္ဌ နှင့် ခရိုင်ဥက္ကဋ္ဌ တို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
(၁၃.၇.၂၀၂၀)ရက်နေ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ ဘဝတစ်လျှောက် အတွေ့အကြုံများလေ့လာမှု စစ်တမ်းကောက်ယူနိုင်ရေး Online Virtual Consultation Workshop ကို မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ တွဲဘက်အတွင်းရေးမှူး အဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။
(၃.၇.၂၀၂၀)ရက်နေ့ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဒုဥက္ကဋ္ဌ ဒေါ်စုညွန့်ဦးနှင့် အတွင်းရေးမှူး ဒေါ်မေမြင့်မောင်တို့သည် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၀ပြည့်နှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
(၂.၇.၂၀၂၀)ရက်နေ့၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဒုဥက္ကဌ ဒေါ်စုညွန့်ဦးသည် မြန်မာနို်ငငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ဦးဆောင်၍ နေပြည်တော်၊ မြို့ရှောင်လမ်း (V-4)လမ်း၊ ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ်(၁၃)၊ သစ်တောမြေနေရာတွင် ကျင်းပြုလုပ်သော ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အကြို သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ကာ မြန်မာနို်ငငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီတွင် ပါဝင်သော အမျိုးသမီးအဖွဲ့များနှင့်အတူ သစ်ပင်များ စိုက်ပျိုးခဲ့ပါသည်။
(၂၈.၆.၂၀၂၀)၊ COVID-19 ဆိုင်ရာ စိတ်လူမှုအားပေးထောက်ပံ့ခြင်းနှင့် Counseling Online သင်တန်းကို MWCDF အသင်းမှ CEC များနှင့် အဖွဲ့ဝင်များတက်ရောက်ခြင်း မှတ်တမ်း