လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၈.၃.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြခန်းတွင် အသင်း၏လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ ပြသခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၈.၃.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် CEC များသည် နေပြည်တော်၊ MICC-II ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာထားရေးဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်ခဲ့ပြီး ပြခန်းတွင် ကြိမ်၊ ဝါးလက်မှုပစ္စည်းများအား ခင်းကျင်းပြသခဲ့ကြပါသည်။

ပြည်နယ်ကော်မတီအစည်းအဝေး တက်ရောက်ခြင်း

ပြည်နယ်ကော်မတီအစည်းအဝေး တက်ရောက်ခြင်း

(၂၈.၂.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် ကချင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အဆင့် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးကော်မတီအစည်းအဝေးနှင့် ကချင်ပြည်နယ် အမျိုးသမီးကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနား တက်ရောက်ခြင်း

အခမ်းအနား တက်ရောက်ခြင်း

(၂၈.၂.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၈၆)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေးအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲတက်ရောက်ခြင်း

ဆွေးနွေးပွဲတက်ရောက်ခြင်း

(၃၀.၁.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် တွဲဖက်အတွင်းရေးမှူးတို့သည် နေပြည်တော်၊ Hotel Max တွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ (၁/၂၀၂၄)အစည်းအဝေးနှင့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲအခမ်းအနားတက်ရောက်ခြင်း

တွေ့ဆုံပွဲအခမ်းအနားတက်ရောက်ခြင်း

(၁၇.၁.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြို့မိမြို့ဖများ၊ တက္ကသိုလ် ဆရာ/မများနှင့် ကျောင်းသား/သူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲတွင် အသင်းနှင့်ပတ်သက်၍ မေးမြန်းမှုများကို ပြောကြားခဲ့ပါသည်။