လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

Covid-19 အတွက် အလှူငွေလှူဒါန်းခြင်းနှင့် ပရဟိတကျောင်းများသို့ ထောက်ပံ့လှူဒါန်းရန် ဆွေးနွေးခြင်း

Covid-19 အတွက် အလှူငွေလှူဒါန်းခြင်းနှင့် ပရဟိတကျောင်းများသို့ ထောက်ပံ့လှူဒါန်းရန် ဆွေးနွေးခြင်း

(၈.၄.၂၀၂၀)ရက်နေ့(၁၄းဝဝ)နာရီတွင် MWCDF ရုံးချုပ်၌ အသင်းဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး နှင့် CECများသည် (COVID-19) ရောဂါနှင့်ပတ်သက်၍ အစည်းအဝေးပြုလုပ်ခဲ့ပြီး အသင်းမှ တက်အားသရွှေ့အလှူငွေနှင့် ပစ္စည်းများလှူဒါန်းရန် ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ အသင်းဒုဥက္ကဌနှင့်အဖွဲ့သည် (Covid-19) ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ကော်မတီသို့ Bank Account မှ တစ်ဆင့် ငွေကျပ်(၁၀)သိန်းလှူဒါန်းခဲ့ပြီး နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ (ဘ.က)ကျောင်းများ၊ သီလရှင်ကျောင်းများ၊ ပရဟိတကျောင်းများအား သင်္ကြန်ပိတ်ရက်များတွင် အခက်အခဲမရှိစေရန် ဆန်၊ ဆီနှင့် စားသောက်ကုန်များ လှူဒါန်းရန် ဆွေးနွေးခဲ့ပါသည်။

မေတ္တာကမ္ဘာပျိုးထောင်ရာ အစီအစဉ် အတွက်ဆွေးနွေးခြင်း

မေတ္တာကမ္ဘာပျိုးထောင်ရာ အစီအစဉ် အတွက်ဆွေးနွေးခြင်း

(၁၂.၃.၂၀၂၀) မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)ရန်ကုန်တိုင်း အသင်းရုံး၌ ဗဟို ဥက္ကဌ  နှင့် CEC ,EC များ၊ ရန်ကုန်တိုင်းဥက္ကဌ နှင့် အဖွဲ့ဝင်များက မေတ္တာကမ္ဘာပျိုးထောင်ရာ အစီအစဉ် အတွက် သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကိုလမ်းညွှန်မှုများပေးခဲ့ပါသည်။

Good Treatment Program လုပ်ငန်းစီမံချက် ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခြင်း

Good Treatment Program လုပ်ငန်းစီမံချက် ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခြင်း

(၂.၃.၂၀၂၀)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)သည် မကွေးတိုင်းအတွင်း မေတ္တာကမ္ဘာပျို:ထောင်ရာ(Good Treatment Program )- ကလေး နှင့် မိသားစုများ၏ ဆက်ဆံရေးပညာပေး လုပ်ငန်းစီမံချက်ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

ကိုယ်ထူကိုယ်ထမူကြိုကျောင်း သို့သွားရောက်လှူဒါန်းခြင်း

ကိုယ်ထူကိုယ်ထမူကြိုကျောင်း သို့သွားရောက်လှူဒါန်းခြင်း

(၁၈.၂.၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်း MWCDFအသင်းမှ စစ်ကိုင်းတိုင်းမြောင်မြို့ နယ်၊ ကျားအိုကျေးရွာ၊ ကိုယ်ထူကိုယ်ထမူကြိုရှိ ကလေးငယ်(၄၅)ဦးအား TV၊ ကော်ဇော၊.ဖော့ဖျာ၊ ကွေကာအုပ်၊ ပေါင်မုန့်များ စုစုပေါင်း(၂၇၅၀၀၀)ကျပ် ဖိုးသွားရောက်လှူဒါန်းခဲ့ပါသည်။

ကချင်ပြည်နယ် အမျိုးသမီးကော်မတီမှ နှစ်ပတ်လည် အစည်းအဝေးကျင်းပခြင်း

ကချင်ပြည်နယ် အမျိုးသမီးကော်မတီမှ  နှစ်ပတ်လည် အစည်းအဝေးကျင်းပခြင်း

(၂၇. ၁ .၂၀၂၀) ရက်နေ့ မြစ်ကြီးနားမြို့ Amber. Palace .Hotelတွင် ကချင်ပြည်နယ် အမျိုးသမီးကော်မတီမှ ကျင်းပသော ၂၀၁၉ခုနှစ် နှစ်ပတ်လည် အစည်းအဝေးသို့ MWCDFအသင်းမှ ပြည်နယ်အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ပါသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပခြင်း

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပခြင်း

(၁၇. ၁. ၂၀၂၀)ရက်နေ့မြစ်ကြီးနားမြို့OSSရုံးခန်းမတွင်ကျင်းပသောခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးသို့ ကချင်ပြည်နယ် MWCDF အသင်းမှ အလုပ်အမှုဆောင်များ တက်ရောက်ဆွေးနွေးခဲ့ပါသည်။