လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသင်တန်း တက်ရောက်ခြင်း

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသင်တန်း တက်ရောက်ခြင်း

(၁၃.၁၂.၂၀၂၃)ရက်နေ့မှ (၁၅.၁၂.၂၀၂၃)ရက်နေ့အထိ ပဲခူးတိုင်း MWCDF အသင်းမှ အလုပ်အမှုဆောင်များနှင့် အဖွဲ့ဝင်များသည် ပဲခူးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ပို့ချသော ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသင်တန်းကို တက်ရောက်ခဲ့ပါသည်။

သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်ခြင်း

သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်ခြင်း

(၈.၁၂.၂၀၂၃)ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အံတော်ရှင်တောင်တန်းသာသနာပြုကျောင်းတွင် လူမှု့ဝန်ထမ်းအိမ်တွင်းမှု့ကျောင်းနှင့် ကချင်ပြည်နယ် MWCDF အသင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၂.၁၂.၂၀၂၃)ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

လူ့အခွင့်အရေးနေ့ အထိမ်းအခမ်းအနားတက်ရောက်ခြင်း

လူ့အခွင့်အရေးနေ့ အထိမ်းအခမ်းအနားတက်ရောက်ခြင်း

(၁၀.၁၂.၂၀၂၃)ရက်နေ့တွင် MWCDF အသင်းမှ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ MICC-1 ခန်းမ၌ ကျင်းပပြုလုပ်သော (၇၅)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၈.၁၂.၂၀၂၃)ရက်နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၇.၁၂.၂၀၂၃)ရက်နေ့တွင် ကရင်ပြည်နယ် MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီမှ ကြီးမှူး၍ ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။