အခမ်းအနားတက်ရောက်ခြင်း

မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင် ၃ ဦးသည် ၃.၁၂.၂၀၂၅ ရက်နေ့တွင် မကွေးမြို့၊ မြို့နယ်စုပေါင်းခန်းမတွင်ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။
Myanmar Women and Children Development Foundation

မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင် ၃ ဦးသည် ၃.၁၂.၂၀၂၅ ရက်နေ့တွင် မကွေးမြို့၊ မြို့နယ်စုပေါင်းခန်းမတွင်ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် (၃) ဦးတို့သည် ၁.၁၂.၂၀၂၅ ရက်နေ့တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် “အမျိုးသမီးများအပေါ် ဒစ်ဂျစ်တယ်အကြမ်းဖက်မှုပပျောက်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး” “ UNITE to End Digital Violence Against All Women and Girls” အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ မှ ၃၀.၁၁.၂၀၂၅ ရက်နေ့တွင် နေပြည်တော် အထက (၁၁) ဇမ္ဗူသီရိကျောင်းမှာ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့ မှ ဒီဇင်ဘာလ (၁၀)ရက်နေ့အထိ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားတွင် အမှာစကားပြောကြားပြီး ကျောင်းသား/သူများကို အသိပညာပေးဟောပြောခဲ့ပါသည်။

တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ သည် ၂၈.၁၁.၂၀၂၅ ရက်နေ့တွင် တိုင်းဒေသကြီးအဆင့် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။

ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် ၄ ဦးတို့သည် ၂၈.၁၁.၂၀၂၅ ရက်နေ့တွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ “ သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသောအသက်(၂)နှစ်အောက်ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ကြေးငွေပေးအပ်ခြင်းအခမ်းအနား” သို့ တက်ရောက်ခဲ့ပါသည်။

ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် ၂ ဦးတို့သည် ၂၈.၁၁.၂၀၂၅ ရက်နေ့တွင် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။