လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

အစည်းအဝေးကျင်းပပြုလုပ်ခြင်း

အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၁၉.၁၁.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်း၏ (၇/၂၀၂၃)အစည်းအဝေးကို ကျင်းပပြုလုပ်ရာ အသင်း ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များတက်ရောက်၍ အသင်းလှုပ်ရှားမှုများကို ရှင်းလင်းတင်ပြခြင်း၊ အသင်းဝင်အသစ်များအားကြိုဆိုခြင်း၊ ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးဆုံးဖြတ်အတည်ပြုခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၇.၁၁.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင် (၅)ဦးတို့သည် လူမှုဝန်ထမ်းဦးစီးဌာနမှ ပျဉ်းမနားခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ခန်းမ)တွင် ကျင်းပပြုလုပ်သော ကမ္ဘာ့ကလေးများနေ့ အကြိုလှုပ်ရှားမှုအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးဟောပြောပွဲ တက်ရောက်ခြင်း

ဆွေးနွေးဟောပြောပွဲ တက်ရောက်ခြင်း

(၁၄.၁၁.၂၀၂၃)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) SSYEA မှ ဦးစီးကျင်းပပြုလုပ်သော Global Entrepreneurship Week ( GEW ) အထိမ်းအမှတ် ” RISING THROUGH ADVERSITY” အခက်အခဲကြားမှ ထိုးဖောက်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပွဲတွင် ရှမ်းပြည်နယ် ( တောင်ပိုင်း) MWCDF အသင်းဥက္ကဌ၊ အတွင်းရေးမှူးနှင့် တွဲဘက်အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားဆောင်ရွက်ပေးခြင်း

ဖွင့်ပွဲအခမ်းအနားဆောင်ရွက်ပေးခြင်း

(၂.၁၁.၂၀၂၃) ရက်နေ့တွင် MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် တင်္နသာရီတိုင်းဒေသကြီး ထားဝယ်ရိုးရာ သပိတ်‌မျှောပွဲတော်တွင် ထားဝယ်ရိုးရာ အက​အဖွဲ့ဖျော်ဖြေရေး ဥက္ကဋ္ဌတာဝန်၊ ဖွင့်ပွဲအခမ်းအနားတာဝန်နှင့် သပိတ်‌မျှောရန် သပိတ်များစီစစ်ခြင်းတာဝန်များကို ဆောင်ရွက်ပေးခဲ့ကြပါသည်။

သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်ခြင်း

သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်ခြင်း

(၂၇.၁၀.၂၀၂၃)ရက်နေ့တွင် နေပြည်တော် MWCDF အသင်းဥက္ကဌ သည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်သော အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အသက်မွေးဝမ်းကျောင်း နည်းပညာပေးသင်တန်း အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

(၂၅.၁၀.၂၀၂၃)ရက်နေ့တွင် (၅၀)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ကျင်းပပြုလုပ်ရာ MWCDF အသင်း ဥက္ကဌ၊ ဒုက္ကဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ တက်ရောက်ပြီးအသင်း၏ ဆောင်ရွက်နေသောလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီးနောက်   ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးဆုံးဖြတ်အတည်ပြုခဲ့ကြပါသည်။