လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားတက်ရောက်ခြင်း

ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားတက်ရောက်ခြင်း

(၁၅.၉.၂၀၂၃)ရက်နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌ သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ်(၁)မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်သော ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်၍ ဆုများ ချီးမြှင့်ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်ခြင်း

အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်ခြင်း

(၇.၉.၂၀၂၃)ရက်နေ့တွင် မန္တလေးတိုင်း MWCDF အသင်း ဒုဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် မန္တလေးမြို့၊ အ.ထ.က(၁၆)တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ကျင်းပပြုလုပ်သော “၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့” အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ခြင်း

သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ခြင်း

(၇.၉.၂၀၂၃ မှ ၉.၉.၂၀၂၃)ရက်နေ့အထိ တနင်္သာရီတိုင်း MWCDF အသင်းဥက္ကဌသည် ထားဝယ်မြို့တွင် ဖွင့်လှစ်ကျင်းပသော ထားဝယ်တိုင်းရင်းသား ဘာသာစာပေသင်ဆရာဖြစ်သင်တန်းတွင် ကျောင်းဆရာ/မများအား မူလတန်း အောက်ဆင့်သင်ရိုးညွှန်းတမ်းသင်ကြားနိုင်ရေးအတွက် သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

ကော်မတီအစည်းအဝေးပွဲနှင့် ဆွေးနွေးပွဲတက်ရောက်ခြင်း

ကော်မတီအစည်းအဝေးပွဲနှင့် ဆွေးနွေးပွဲတက်ရောက်ခြင်း

(၅.၉.၂၀၂၃)ရက်နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော “ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး ဆွေးနွေးပွဲ” သို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေးသို့ တက်ရောက်ခြင်း

သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေးသို့ တက်ရောက်ခြင်း

(၄.၉.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ ဥက္ကဌ သည် နေပြည်တော်ကောင်စီ အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်သော သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃၀.၈.၂၀၂၃)ရက်နေ့တွင် မကွေးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြခန်းများကို လေ့လာခဲ့ပါသည်။