လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

MMCWA အသင်း၏ (၂၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး အလှူငွေပေးအပ်ပွဲ တက်ရောက်ခြင်း

MMCWA အသင်း၏ (၂၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး အလှူငွေပေးအပ်ပွဲ တက်ရောက်ခြင်း

(၃၀.၄.၂၀၁၉)နေ့တွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (MMCWA)၏ (၂၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ MWCDF အသင်းမှ ဥက္ကဋ္ဌနှင့် တွဲဘက်အတွင်းရေးမှူးတို့ တက်ရောက်၍ အလှူငွေပေးအပ်လှူဒါန်းခဲ့ပါသည်။

ရန်ကုန်တိုင်း MWCDF အသင်း၏ အဖွဲ့ဝင်သစ်များဖွဲ့စည်းခြင်းနှင့် အစည်းအဝေးပြုလုပ်ခြင်း

ရန်ကုန်တိုင်း MWCDF အသင်း၏ အဖွဲ့ဝင်သစ်များဖွဲ့စည်းခြင်းနှင့် အစည်းအဝေးပြုလုပ်ခြင်း

(၂၆.၄.၂၀၁၉)နေ့တွင် ရန်ကုန်တိုင်း (MWCDF)အသင်းမှ အလုပ်အမှုဆောင်များသည် အသင်းသို့ ထပ်မံဝင်ရောက်လာသော အဖွဲ့ဝင်သစ်များအား ကြိုဆိုကာ အသင်းအကြောင်း၊ အသင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြာခဲ့ပြီး အဖွဲ့ဝင်သစ်များနှင့် မိတ်ဆက်ခြင်းနှင့် ရန်ကုန်တိုင်း (အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း) ခရိုင်အတွင်းတွင် အသင်း၏ လုပ်ငန်းဆောင်တာများ ဆောင်ရွက်နိုင်ရန် အလုပ်အမှုဆောင်များအား တာဝန်များခွဲဝေခြင်း အစည်းအဝေးကို ပြုလုပ်ခဲ့ပါသည်။

ကချင်ပြည်နယ် အမျိုးသမီးကော်မတီအစည်းအဝေး (၁/၂၀၁၉)သို့ တက်ရောက်ခြင်း

ကချင်ပြည်နယ် အမျိုးသမီးကော်မတီအစည်းအဝေး (၁/၂၀၁၉)သို့ တက်ရောက်ခြင်း

(၈.၄.၂၀၁၉)နေ့တွင် ကချင်ပြည်နယ်၊ MWCDF အသင်းမှ အလုပ်အမှုဆောင်များသည် ကချင် ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သော “ကချင်ပြည်နယ်၊ အမျိုးသမီးကော်မတီအစည်းအဝေး (၁/၂၀၁၉)” သို့ တက်ရောက်ခဲ့ပါသည်။

မိတ်ဖက်အဖွဲ့အစည်းများဖိတ်ကြားသော အခမ်းအနားသို့ တက်ရောက်ခြင်း

မိတ်ဖက်အဖွဲ့အစည်းများဖိတ်ကြားသော အခမ်းအနားသို့ တက်ရောက်ခြင်း

(၅.၄.၂၀၁၉)နေ့တွင် MWCDF အသင်းမှ အတွင်းရေးမှူး၊ CEC နှင့် အဖွဲ့ဝင်တို့သည် နေပြည်တော်၊ Park Royal Hotel ၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော “အာဆီယံဒေသဆိုင်ရာ ကလေးသူငယ်များအပေါ် အကြမ်းဖက်ခြင်းပပျောက်ရေး လုပ်ငန်းစီမံချက်အပေါ် ပြန်လည်သုံးသပ်သည့် အမျိုးသားအဆင့်အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား” သို့ တက်ရောက်ခဲ့ပါသည်။

ပဲခူးတိုင်း MWCDF မှ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပါဝင်ဟောပြောခြင်း

ပဲခူးတိုင်း MWCDF မှ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပါဝင်ဟောပြောခြင်း

(၂၁.၃.၂၀၁၉)နေ့တွင် ပဲခူးတိုင်း၊ ပဲခူးမြို့၌ ပဲခူးတိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြတ်သုခဆေးဆိုင်နှင့် MEGA ဆေးကုမ္ပဏီတို့မှ ပူးပေါင်းကျင်းပသော “ကျန်းမာရေး ဟောပြောပွဲနှင့် ကိုယ်လက်လှုပ်ရှားအားကစား စုပေါင်းပြိုင်ပွဲ” တွင် ပဲခူးတိုင်း MWCDF ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ပူးပေါင်းပါဝင်ခဲ့ပါသည်။ အခမ်းအနားတွင် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ နော်ပွယ်စေးက အဖွင့်အမှာစကားပြောကြားခြင်း၊ ပဲခူးတိုင်း MWCDF အသင်းဥက္ကဋ္ဌမှ “အမျိုးသမီးများ ကာယစွမ်းအားမြင့်မားစေဖို့ ဉာဏစွမ်းအား ကျန်းမာရေးအသိပညာတိုးစေဖို့” ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ ပဲခူးတိုင်းဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်မှ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ MEGA မှ ဒေါက်တာခင်မျိုးထွဋ်က ရင်သားကင်ဆာ၊

မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း

မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း

(၂.၃.၂၀၁၉)မှ (၃.၃.၂၀၁၉)နေ့အထိ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ MMCWA သားဖွားခန်းတွင် ရှမ်းပြည်နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပြည်နယ် MMCWA အသင်းတို့ ပူးပေါင်းဆောင်ရွက်သော သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စစ်ဆေးကုသပေးခြင်း အခမ်းအနားတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ ပူးပေါင်းပါဝင်၍ ဟောပြောဆွေးနွေးခဲ့ပါသည်။