လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

MWAF အသင်းမှ ကျင်းပသော အခမ်းအနားတက်ရောက်ခြင်း

MWAF အသင်းမှ ကျင်းပသော အခမ်းအနားတက်ရောက်ခြင်း

(၂၉.၈.၂၀၂၃)ရက်နေ့တွင် MWCDF အသင်း ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့သည် နေပြည်တော် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် (MWAF)မှ ကျင်းပပြုလုပ်သော “အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်းအမှတ်” အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

Social Cohesion ဆင့်ပွားသင်တန်း တက်ရောက်ခြင်း

Social Cohesion ဆင့်ပွားသင်တန်း တက်ရောက်ခြင်း

(၁၅.၈.၂၀၂၃ မှ ၁၇.၈.၂၀၂၃)ရက်နေ့အထိ မွန်ပြည်နယ် MWCDF အသင်း အဖွဲ့ဝင်များသည် မော်လမြိုင်မြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးတွင် ဖွင့်လှစ်သော “လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ (Social Cohesion) ဆင့်ပွားသင်တန်း” သို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၈.၈.၂၀၂၃)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့် ဒုဥက္ကဌတို့သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (အာဟာရဌာန)နှင့် ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအထိမ်းအမှတ် “တန်ဖိုးသင့်အာဟာရပြည့် အစားအစာ ချက်ပြုတ်သရုပ်ပြပွဲ” အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

MMCWA အသင်းမှ ကျင်းပသော အခမ်းအနား တက်ရောက်ခြင်း

MMCWA အသင်းမှ ကျင်းပသော အခမ်းအနား တက်ရောက်ခြင်း

(၁၈.၈.၂၀၂၃)ရက်နေ့တွင် MWCDF အသင်းမှ ဘဏ္ဍာရေးမှူးနှင့် CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(MMCWA) မှ ကြီးမှူးကျင်းပသည့် “၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား” သို့ တက်ရောက်ခဲ့ပါသည်။

Zoom Meeting တက်ရောက်ခြင်း

Zoom Meeting တက်ရောက်ခြင်း

(၇.၈.၂၀၂၃)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)(ဗဟို)၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည်အစည်းအဝေးသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များမှ Zoom Meeting ဖြင့် တက်ရောက်ခဲ့ပါသည်။