သစ်ပင်စိုက်ပျိုးပွဲ

(၁၇.၇.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကျင်းပပြုလုပ်သော “သစ်ပင်စိုက်ပျိုးပွဲ” သို့ တက်ရောက်၍ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြပါသည်။
Myanmar Women and Children Development Foundation

(၁၇.၇.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကျင်းပပြုလုပ်သော “သစ်ပင်စိုက်ပျိုးပွဲ” သို့ တက်ရောက်၍ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြပါသည်။

(၁၅.၇.၂၀၂၃)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်း၏ EC Meeting ကျင်းပပြုလုပ်ခဲ့ပါသည်။

(၁၃.၇.၂၀၂၃)နေ့တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်သော အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း( ၂၀၂၃-၂၀၃၂)တွင် ထည့်သွင်းရန် အမျိုးသမီးများနှင့် လူ့အခွင့်အရေးကဏ္ဍနှင့် စပ်လျဉ်းသည့် မူဘောင်(မူကြမ်း)ကို ပြင်ဆင်၊ ဖြည့်စွက်ရေးဆွဲမည့် ညှိနှိုင်းဆွေးနွေးပွဲသို့ MWCDF အသင်းမှ CEC တက်ရောက်ခဲ့ပါသည်။

(၉.၇.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်း၏ EC Meeting ကျင်းပပြုလုပ်ခဲ့ပါသည်။

(၄.၇.၂၀၂၃ မှ ၆.၇.၂၀၂၃)ရက်နေ့အထိ တနင်္သာရီတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်(၁)ဦးသည် ထားဝယ်မြို့တွင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သည့် “တိုင်းရင်းသားစာပေယဉ်ကျေးမှုနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ” သို့ တက်ရောက်ခဲ့ပါသည်။

(၃.၇.၂၀၂၃)နေ့တွင် ကချင်ပြည်နယ် MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ် အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် “၂၀၂၃ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနား” သို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ကချင်ပြည်နယ် MWCDF အသင်းမှ “မမေ့နိုင်သောမြေ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပါ သည်။ ထို့နောက် အသင်းသူ(၂)ဦးအား စီးပွားရေးစွမ်းဆောင်ဆု ချီူးမြှင့်ခြင်း ခံခဲ့ရပါသည်။ ၎င်းနောက် ဖျော်ဖြေပေးသော အသင်းနှင့် မူကြိုကလေး(၂)ဖွဲ့အား (၁)ဖွဲ့လျှင် (၁)သိန်းကျပ်ဖြင့် ဆုငွေ (၂)သိန်း ချီးမြှင့်ခဲ့ပါသည်။