မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၃)နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) MWCDF အသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ရှမ်းပြည်နယ် အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် “၂၀၂၃ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနား” သို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌအား စီးပွားရေး၊ ကျန်းမာရေးနှင့် လူမှုရေး ထူးချွန်ဆု ချီးမြှင့်ခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။













