လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ခြင်း

(၃၀.၆.၂၀၂၃)နေ့တွင် နေပြည်တော်ကောင်စီ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်သော “နေပြည်တော်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ” သို့ နေပြည်တော်တိုင်း MWCDF အသင်းဥက္ကဌမှ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
Myanmar Women and Children Development Foundation

(၃၀.၆.၂၀၂၃)နေ့တွင် နေပြည်တော်ကောင်စီ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်သော “နေပြည်တော်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ” သို့ နေပြည်တော်တိုင်း MWCDF အသင်းဥက္ကဌမှ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

(၂၈.၆.၂၀၂၃)နေ့တွင် ပဲခူးတိုင်း၊ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ တိုင်းအမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်ထုံးပြမှုပြပွဲ” အခမ်းအနားသို့ ပဲခူးတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

(၂၇.၆.၂၀၂၃)နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ပြည်နယ်အမျိုးသမီးကော်မတီမှ ပြုလုပ်သော မြန်မာအမျိုးသမီးများနေ့အကြို ညှိနှိုင်းအစည်းအဝေးသို့ မွန်ပြည်နယ် MWCDF အသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

(၂၈.၆.၂၀၂၃)နေ့၊ နေပြည်တော် MWCDF (ရုံးချုပ်)၌ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)၏ (၄၉)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

(၂၆.၆.၂၀၂၃)နေ့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော “ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး” သို့ မွန်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့်အတွင်းရေးမှူးတို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

(၂၀.၆.၂၀၂၃)နေ့၊ မကွေးတိုင်း၊ မကွေးမြို့၊ တိုင်းလူမှုဝန်ထမ်းရုံးတွင် ကျင်းပပြုလုပ်သော “တိုင်းအမျိုးသမီးကော်မတီအစည်းအဝေး” သို့ မကွေးတိုင်း MWCDF အသင်းမှ အမှုဆောင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။