(၄၇)ကြိမ်မြောက် CEC အစည်းအဝေး

(၁၆.၁၂.၂၀၂၂)နေ့တွင် နေပြည်တော် MWCDF(ရုံးချုပ်)၌ အသင်း၏(၄၇)ကြိမ်မြောက် ဗဟိုအလုပ် အမှုဆောင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။
Myanmar Women and Children Development Foundation

(၁၆.၁၂.၂၀၂၂)နေ့တွင် နေပြည်တော် MWCDF(ရုံးချုပ်)၌ အသင်း၏(၄၇)ကြိမ်မြောက် ဗဟိုအလုပ် အမှုဆောင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

(၁၂.၁၂.၂၀၂၂)နေ့တွင် နေပြည်တော်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(MMCWA) ရုံးချုပ်၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း(MMCWA) နှစ်ပတ်လည်အခမ်းအနားသို့ MWCDF အသင်းမှ အတွင်းရေးမှူးနှင့် CEC များ တက်ရောက်ခဲ့ပါသည်။

(၁၀.၁၂.၂၀၂၂)နေ့တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)၌ ကျင်းပပြုလုပ်သော (၇၄)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားသို့ MWCDF အသင်းမှ အတွင်းရေးမှူးနှင့် CEC များ တက်ရောက်ခဲ့ပါသည်။

(၅.၁၂.၂၀၂၂)နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ်၊ အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားသို့ ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့၍ ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌမှ မိမိတို့အသင်း၏ လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ လုပ်ဆောင်နေမှုများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

(၃.၁၂.၂၀၂၂)နေ့တွင် ပဲခူးတိုင်း၊ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားသို့ ပဲခူးတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

(၃.၁၂.၂၀၂၂)နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မျက်မမြင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားသို့ ကချင်ပြည်နယ် MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များ တက်ရောက်၍ သီဆိုဖျော်ဖြေပေးသော မျက်မမြင်ကျောင်းမှ ကလေးများအား ဆုငွေချီးမြှင့်ခဲ့ပါသည်။