သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးတက်ရောက်ခြင်း

(၅.၈.၂၀၂၂)နေ့တွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် လူမှုဝန်ထမ်းရုံး၌ ကျင်းပပြုလုပ်သော သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးသို့ ကချင်ပြည်နယ် MWCDF အသင်းဥက္ကဌ တက်ရောက်ခဲ့ပါသည်။
Myanmar Women and Children Development Foundation

(၅.၈.၂၀၂၂)နေ့တွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် လူမှုဝန်ထမ်းရုံး၌ ကျင်းပပြုလုပ်သော သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးသို့ ကချင်ပြည်နယ် MWCDF အသင်းဥက္ကဌ တက်ရောက်ခဲ့ပါသည်။

(၃.၈.၂၀၂၂)နေ့တွင် နေပြည်တော် MWCDF(ရုံးချုပ်)၌ အသင်း၏(၉)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား (Online Zoom Meeting)အား MWCDF (ဗဟို) ဥက္ကဌ၊ ခေတ္တဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် CEC အဖွဲ့ဝင်များ၊ ပြည်နယ်/တိုင်း MWCDF အသင်းများမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များနှင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

(၂၂.၇.၂၀၂၂)နေ့တွင် ရန်ကုန်တိုင်း၊ ရန်ကုန်မြို့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော အိမ်တွင်းမှု သက်မွေးပညာသင်ကျောင်း သင်တန်းဆင်းပွဲသို့ ရန်ကုန်တိုင်း MWCDF အသင်းမှ တက်ရောက်၍ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

(၂၁.၇.၂၀၂၂)နေ့တွင် နေပြည်တော်၊ MWCDF (ရုံးချုပ်)၌ (၄၆)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

(၁၈.၇.၂၀၂၂)နေ့တွင် အေမြန်မာလူမှုကူညီရေး အဖွဲ့မှ ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့် ထိလွယ်ရှလွယ် ရောဂါရလွယ်သော လိင်လုပ်သား အမျိုးသမီးလေးများနှင့် မိန်းမလျာလေးများအား စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းနှင့် ကူညီဆောင်ရွက်ပေးလျက်ရှိသော အဖွဲ့နှင့်အတူတူ အမျိုးသမီးများအား ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝရရှိစေရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ ပဲခူးတိုင်း MWCDF အသင်းမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

(၁၆.၇.၂၀၂၂)နေ့တွင် ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဘားအံမြို့၊ အ.ထ.က(၄)ကျောင်း၌ ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သော ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ ပါသည်။