လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

ပြည်နယ် အမျိုးသမီးကော်မတီနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးတက်ရောက်ခြင်း

ပြည်နယ် အမျိုးသမီးကော်မတီနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးတက်ရောက်ခြင်း

(၂၈.၁၂.၂၀၂၁)နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ကျင်းပပြုလုပ်သော ပြည်နယ်အမျိုးသမီး ကော်မတီနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF ဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ နှစ်သစ်မင်္ဂလာဆုမွန်ကောင်း ဆုတောင်းစကားပြောကြားခြင်း

၂၀၂၂ ခုနှစ်၊ နှစ်သစ်မင်္ဂလာဆုမွန်ကောင်း ဆုတောင်းစကားပြောကြားခြင်း

(၂၁.၁၂.၂၀၂၁)နေ့တွင် MWCDF အသင်းရုံးသို့ မြဝတီရုပ်မြင်သံကြားရိုက်ကူးရေးအဖွဲ့မှ “နှစ်သစ်ဆုမွန်ကောင်း စကားပြောကြားခြင်း အစီအစဉ်” ထုတ်လွှင့်ပြသရန်အတွက် လာရောက်၍ ရိုက်ကူးရာ MWCDF အသင်း ခေတ္တဥက္ကဌ ဒေါ်သူဇာဝေမှ အသင်းကိုယ်စား “၂၀၂၂ ခုနှစ်၊ နှစ်သစ်မင်္ဂလာ ဆုမွန်ကောင်း ဆုတောင်းစကား” ပြောကြားခဲ့ပါသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ(၁/၂၀၂၁)အစည်းအဝေး တက်ရောက်ခြင်း

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ(၁/၂၀၂၁)အစည်းအဝေး တက်ရောက်ခြင်း

(၁၅.၁၂.၂၀၂၁)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (၁/၂၀၂၁)အစည်းအဝေးသို့ MWCDF အသင်းမှ အတွင်းရေးမှူး တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ကချင်ပြည်နယ် MWCDF မှ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား တက်ရောက်ခြင်း

ကချင်ပြည်နယ် MWCDF မှ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား တက်ရောက်ခြင်း

(၇.၁၂.၂၀၂၁)နေ့၊ ကချင်ပြည်နယ်လူမှုဝန်ထမ်းမှ မြစ်ကြီးနားမြို့၊ အမှတ်(၁)မူလတန်းကြို ကျောင်း၊ စန်းသီတာခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၁ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားသို့ ကချင်ပြည်နယ် MWCDF အသင်းဥက္ကဌ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် တေးသီချင်းသီဆိုဖျော်ဖြေပေးသော ကလေးအဖွဲ့(၂)ဖွဲ့အား ဆုချီးမြှင့်ပေးခဲ့ပါသည်။   

မကွေးတိုင်း MWCDF မှ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား တက်ရောက်ခြင်း

မကွေးတိုင်း MWCDF မှ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား တက်ရောက်ခြင်း

(၆.၁၂.၂၀၂၁)နေ့တွင် မကွေးတိုင်း MWCDF အသင်းဥက္ကဌမှ မိတ်ဖက်အဖွဲ့များနှင့် Mask Campaign လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ပြီး (၇.၁၂.၂၀၂၁)နေ့တွင် ၂၀၂၁ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနား တက်ရောက်ခဲ့ပါသည်။

(၄၃)ကြိမ်မြောက် CEC Meeting

(၄၃)ကြိမ်မြောက် CEC Meeting

(၆.၁၂.၂၀၂၁)နေ့၊ နေပြည်တော် MWCDF(ရုံးချုပ်)၌ အသင်း၏ (၄၃)ကြိမ်မြောက် ဗဟိုအလုပ် အမှုဆောင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။