လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ‌ဒေါက်တာကြူကြူအေးသည် ၂၈.၁၀.၂၀၂၅ ရက်နေ့တွင် ရုံးအမှတ် (၂၃)၊ လူမှုဝန်းထမ်း၊ ကယ်ဆယ်‌ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီအစည်းအဝေးကို တက်ရောက်‌ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အတွင်းရေးမှူးတို့သည် ၂၇.၁၀.၂၀၂၅ ရက်နေ့တွင် ထားဝယ်မြို့၊ လူမှုဝန်ထမ်းရုံး အိမ်တွင်းမှုသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးကော်မတီ အစည်းအဝေးကိုတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အလုပ်အမှုဆောင်များသည် ၂၁.၁၀.၂၀၂၅ ရက်နေ့ ပုသိမ်မြို့၊ ဧရာ​ရွှေဝါခမ်းမ၌ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာနိုင်ငံမိခင်နှင့်က​လေး​စောင့်​ရှောက်​ရေးအသင်း၏ (၃၄)နှစ်​မြောက် နှစ်ပတ်လည်​အစည်းအ​ဝေး ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံပွဲအခမ်းအနား

တွေ့ဆုံပွဲအခမ်းအနား

ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အလုပ်အမှုဆောင် ၄ ဦးတို့သည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ၁၉.၁၀.၂၀၂၅ ရက်နေ့၌ကျင်းပပြုလုပ်သော ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ​တော်ယာယီသမ္မတ၊ နိုင်ငံ​တော်လုံခြုံ​ရေးနှင့်​အေးချမ်းသာယာ​ရေး​ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပုသိမ်မြို့ရှိဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်​ တွေ့ဆုံပွဲအခမ်းအနားသို့ တက်​​ရောက်ခဲ့ပါသည်။

အစည်းအဝေးကျင်းပခြင်း

အစည်းအဝေးကျင်းပခြင်း

နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အလုပ်အမှုဆောင်များသည် ၁၅.၁၀.၂၀၂၅ ရက်နေ့တွင် အသင်းအလုပ်အမှုဆောင်အစည်းအဝေးကျင်းပပြီး အသင်းဝင်အသစ်များအား နွေးထွေးစွာကြိုဆိုလက်ခံခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၄.၁၀.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဆွေဆွေတင့် သည် လူမှုဝန်ထမ်းဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးခန်းမတွင် ကျင်းပပြုလုပ်သည့် “ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု့တားဆီးကာကွယ်​ရေးနှင့် တုံ့ပြန်​ဆောင်ရွက်​ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက်အ​ကောင်အထည်​ဖော်မှု့ ယန္တရားများ၊ ကျား/မအ​​ခြေပြုအကြမ်းဖက်ဆိုင်ရာအသိပညာ​ပေး​ဆွေး​နွေးပွဲ” သို့ တက်ရောက်ခဲ့ပါသည်။