လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

“ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အ ခမ်းအနား”

“ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အ ခမ်းအနား”

(၃.၁၂.၂၀၁၉)နေ့တွင် ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ပုသိမ်မြို့၌ ကျင်းပပြုလုပ်သည့် “ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အ ခမ်းအနား” သို့ ဧရာဝတီတိုင်းဒေသကြီး MWCDFအသင်းမှ ဥက္ကဋ္ဌ နှင့်CECတို့ တက်ရောက်ခဲ့ပါသည်။၂၀၁၉ခုနှစ် ဆောင်ပုဒ်မှာ “ အတားအဆီးကင်းရေး မျှော်မှန်းလို့ မသန်စွမ်းလူ့အခွင့်အရေးဖော်ဆောင်စို့ ” ဖြစ်ပါသည်။

“ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနား”

“ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနား”

(၃.၁၂.၂၀၁၉)နေ့တွင် နေပြည်တော်၊ MICC(2)၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် “ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနား” သို့ MWCDFအသင်းမှ အတွင်းရေးမှူးနှင့်CECတို့ တက်ရောက်ခဲ့ပါသည်။၂၀၁၉ခုနှစ် ဆောင်ပုဒ်မှာ “ အတားအဆီးကင်းရေး မျှော်မှန်းလို့ မသန်စွမ်းလူ့အခွင့်အရေးဖော်ဆောင်စို့ ” ဖြစ်ပါသည်။

လိင်မှုဆိုင်ရာမျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ

လိင်မှုဆိုင်ရာမျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ

(၂၉.၁၁.၂၀၁၉)ရက်နေ့ Cartel Hotel Myitkyina တွင် ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့(LRC)မှ PATH, MSI အဖွဲ့တို့နှင့် ပူးပေါင်းပြုလုပ်သော ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လိင်မှုဆိုင်ရာ မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ အခွင့်အရေးများကို ပြည်သူလူထုထံသို့ အသိပညာပေးသည့် အလုပ်ရုံဆွေး နွေးပွဲကို MWCDF(ကချင်ပြည်နယ်)အသင်းမှ ဒုဥက္ကဋ္ဌ နှင့်အသင်းအဖွဲ့ဝင်(၂)ဦး တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့ အခမ်းအနားသို့ခြင်း

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့ အခမ်းအနားသို့ခြင်း

(၂၈.၁၁.၂၀၁၉)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်တို့သည် တောင်ကြီးမြို့ ၌ ကျင်းပပြုလုပ်သော နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ယခုနှစ် ဆောင်ပုဒ်လေးမှာ “ မုဒိမ်းမှုများ တားဆီးဖို့၊ မုဒိမ်းမှုများ ပပျောက်ဖို့ အားလုံးပူးပေါင်းဆောင်ရွက်ကြပါစို့” ဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခြင်း

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခြင်း

(၂၅.၁၁.၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့် တင်ရေးအသင်း(MWCDF)မှ ဥက္ကဋ္ဌ နှင့်် အဖွဲ့ဝင်တို့သည် မွန်ပြည်နယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုး သမီးကော်မတီက ကျင်းပပြုလုပ်သော ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် ခဲ့ပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “ မုဒိမ်းမှုများ တားဆီးဖို့၊ မုဒိမ်းမှုများ ပပျောက်ဖို့ အားလုံး ပူးပေါင်းဆောင်ရွက် ကြပါစို့” ဖြစ်ပါတယ်။

အမျိုး သမီး များ အပေါ် အကြမ်း ဖက် မှု ပပျောက် ရေး (၁၆) ရက် တာ လှုပ်ရှား မှု

အမျိုး သမီး များ အပေါ် အကြမ်း ဖက် မှု ပပျောက် ရေး (၁၆) ရက် တာ လှုပ်ရှား မှု

 ရှမ်း ပြည် နယ် မြောက်ပိုင်း၊လားရှိုး ခရိုင် ” အမျိုး သမီး များ အပေါ် အကြမ်း ဖက် မှု ပပျောက် ရေး (၁၆) ရက် တာ လှုပ်ရှား မှု ” ဖွင့် ပွဲ အခမ်း အနား ~#~ လား ရှိုး ခရိုင် လူမှု ဝန်ထမ်း ဦးစီး ဌာန၊ကုလသမဂ္ဂလူဦးရေရံပုံငွေအဖွဲ့နှင့် လုပ်ငန်း အဖွဲ့ဝင် များ (IRC, Women LEAD, UNHCR,GIZ)