လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(ရှမ်းပြည်တောင်ပိုင်း) ၏ လစဉ်အစည်းအဝေးကို ကျင်းပခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(ရှမ်းပြည်တောင်ပိုင်း) ၏ လစဉ်အစည်းအဝေးကို ကျင်းပခြင်း

(၃၀.၈.၂၀၁၉)ရက်နေ့တွင် တောင်ကြီးမြို့ ခိုင်မေတ္တာ ဆေးရုံအစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(ရှမ်းပြည်တောင်ပိုင်း) ဥက္ကဌ သုဓမ္မသိင်္ဂီ ဒေါ်ကေသီအောင်နှင့် ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက် အတွင်းရေးမှူး အလုပ်အမူဆောင်များ ဦးဆောင်ကာ လစဉ်အစည်းအဝေးကို ကျင်းပ ခဲ့ကြပါသည်။ ဆက်လက်၍အသင်းကြီး၏ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတိုင်ပင်ကြပြီး စက်တင်ဘာလအတွက် အမျိုးသမီး ငယ်များနှင့် ကလေးငယ်များအတွက် အလှူပြုမည့် ကျောင်းကို သတ်မှတ်ဆုံးဖြတ်ခဲ့ကြပါသည်။ ယခင်လ လုပ်ငန်းများ၏ ပရဟိတဆောင်ရွက်ချက်များအတွက် အားသာချက် အားနည်းချက် ငွေစာရင်းရှင်းတမ်းနှင့်အတူ လစဉ် ပြန်တမ်းများကို ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ရုံးသို့ သတင်းပို့ရမည့်

လုပ်ငန်းညှိနှိုင်း အစည်းအဝေး သို့ တက်ရောက်ခြင်း

လုပ်ငန်းညှိနှိုင်း အစည်းအဝေး သို့ တက်ရောက်ခြင်း

(၂၈.၈.၂၀၁၉)ရက်နေ့တွင် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို MWCDFအသင်း အလုပ်အမှုဆောင် ဦးလှထွန်းခိုင် မှ တက်ရောက်ဆွေးနွေးခဲ့ပါသည်။  

တနင်္သာရီတိုင်း၊ MWCDFအသင်း မှအလုပ်အမှုဆောင်များတွေ့ဆုံ၍ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတိုင်ပင်ခြင်း

တနင်္သာရီတိုင်း၊ MWCDFအသင်း မှအလုပ်အမှုဆောင်များတွေ့ဆုံ၍ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတိုင်ပင်ခြင်း

(၂၆.၈.၂၀၁၉)နေ့တွင် တနင်္သာရီတိုင်း၊ MWCDFအသင်း မှ အလုပ်အမှုဆောင်များသည် နေပြည်တော်တွင် ကျင်းပ ပြုလုပ်ခဲ့သော ဗဟိုရုံးချုပ်၏ နှစ်ပတ်လည် အစည်းအဝေး တွင် ဆွေးနွေးချက်များ၊ အတွေ့အကြုံများနှင့် တက်ရောက်ခဲ့သောသင်တန်းများအကြောင်းကို အသင်းအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ကိုယ်တိုင်ရှင်းလင်းတင်ပြ၍ အသိ ပညာများကို မျှဝေပေးခဲ့ကြပြီး ဗဟိုကလှူဒါန်းလိုက်သော အာဟာရထုပ်များအား မည်သို့လှူဒါန်းမည့် ကိစ္စများ ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် စောင့်ရှောက် ကူညီရန်လို့အပ်သည့် နေရာဒေသနှင့်ရှေ့လုပ်ငန်းစဉ် များကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။

The Group of Kindness အဖွဲ့နှင့် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းတို့တွေ့ဆုံဆွေးနွးခြင်း

The Group of Kindness အဖွဲ့နှင့် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းတို့တွေ့ဆုံဆွေးနွးခြင်း

(၂၂.၈.၂၀၁၉)နေ့တွင် MWCDFရုံးချုပ်သို့ တရုတ်နိုင်ငံ အခြေစိုက် NGOအဖွဲ့အစည်း တစ်ခုဖြစ်သော The Group of  Kindness အဖွဲ့သည် မြန်မာနိုင်ငံရှိ NGOအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များအား Onlineမှ တစ်ဆင့်ရှာဖွေ ရရှိမှုဖြင့် ယခုလို လာရောက်လေ့လာရာ MWCDF အသင်း အတွင်းရေးမှူးနှင့် အဖွဲ့မှ လက်ခံတွေ့ဆုံ၍ မိတ်ဆက်စကား များပြောကြားခဲ့ကြပါသည်။ တွေ့ဆုံရာတွင် MWCDF အသင်း၏ ဆောက်ရွက်နေသော လုပ်ငန်းစဉ်များ အား မေးမြန်းရာ အတွင်းရေးမှူးမှ ရှင်းလင်းပြော ကြားပြီး ၎င်းအဖွဲ့အစည်းမှလည်း လုပ်ဆောင်ချက်မှတ်တမ်း စာအုပ်အားရှင်းလင်း ပြောကြားခဲ့ပြီး

ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး၊ သတ္တပတ်နှင့်လူထုလုပ်ရှားမှုပြည်နယ်အဆင့် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခြင်း

ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး၊ သတ္တပတ်နှင့်လူထုလုပ်ရှားမှုပြည်နယ်အဆင့် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခြင်း

၁၅.၈.၂၀၁၉နေ့တွင် ကချင်ပြည်နယ်၊ MWCDFအသင်း မှ အလုပ်အမှုဆောင်များသည် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမတွင်​ကျင်းပ​သော ကမ္ဘာ့မိခင်​နို့တိုက်​​ကျွေး​ရေး၊ သတ္တပတ်​နှင့်လူထုလုပ်​ရှားမှုပြည်​နယ်​အဆင့် ဖွင့်ပွဲအခမ်းအနားသို့တက်​​ရောက်​ခဲ့ကြပါသည်။

GRAND ROYAL GROUP မှ MWCDFအသင်းသို့ လာရောက်လှူဒါန်းသောအလှူငွေအားလက်ခံရယူခြင်း

GRAND ROYAL GROUP မှ MWCDFအသင်းသို့ လာရောက်လှူဒါန်းသောအလှူငွေအားလက်ခံရယူခြင်း

(၂၀.၈.၂၀၁၉)နေ့တွင် GRAND ROYAL GROUP မှ MWCDFအသင်းသို့ အလှူငွေ(၂၅)သိန်းကျပ် လာရောက်လှူဒါန်းရာ MWCDF အသင်းမှ ဒုဥက္ကဋ္ဌ ဒေါ်သူဇာဝေ၊ ဒုဥက္ကဋ္ဌ ဒေါ်စုညွန့်ဦး နှင့် အတွင်းရေးမှူ: ဒေါ်မေမြင့်မောင်တို့မှ အလှူငွေအားလက်ခံရယူပြီး အလှူရှင် ဂုဏ်ပြုမှတ်တမ်းလွှာကိုပြန်လည်ပေးအပ်ခဲ့ပါ သည်။